အခန်း ၁၆

1K 103 2
                                    

တောက်ခေါက်သံနဲ့အတူ ဖြန်းခနဲ ရိုက်ချလိုက်တာကြောင့် မမျှော်လင့်ပဲ လျှပ်စီးကြောင်းကို အထင်းသားမြင်လိုက်ရသည်။
ပူနွေးသွားသည့် ပါးပြင်ထက် ရင်ဘက်ထဲထိနာကျင်လာ၏။
ပါးပြင်ပေါ်ကိုမျက်ရည်တို့စီးကျလာတော့သည်။

ပိုဆိုးတာက ကျွန်မအကိုကြီးက တစ်ခါမှ လက်နဲ့မရွယ်ဖူးခဲ့သောကျွန်မအား အားကုန်သုံးကာ ရိုက်လိုက်ခြင်းကြောင့်။
ဧည့်ခန်းမှာ တစ်မိသားစုလုံးဝိုင်းထိုင်နေကြ၏။
အမေက မျက်ရည်များရစ်သီလို့ မျက်နှာကိုလွှဲထား၏။
အကိုလေးနှင့် ညီမလေးက တိတ်ဆိတ်စွာထိုင်နေကြသည်။
အကိုကြီးရဲ့ဘေးမှာ မမသီရိပါ ရှိနေတာကြောင့် ရှက်မိသည်။

သရနဲ့အဖြစ်အပျက်ကို အမေမြင်သွားပြီးတော့
သရကိုပြန်တော့ဟု အမေပြတ်သားစွာနှင်လွှတ်ခဲ့၏။
ထို့နောက် အကိုကြီးတို့ကို အကြောင်းကြားပြီး ချက်ချင်းအရောက်လာစေခဲ့၏။

"တကယ်မဟုတ်ဘူးမလား "

အကိုကြီးက မယုံသလိုမေးတော့ အမေက မျှော်လင့်ချက်သေးသေးလေးရလိုရညား မော့ကြည့်လာသည်။
ကိုယ်တိုင်ပြောမယ်လို့ရည်ရွယ်ထားသော်လည်း ခုလိုမပြောပဲအမေသိသွားတော့ ကျွန်မမှာ ဖြောင့်ချက်ပေးစရာမရှိ။

"အဲ့တာ တကယ်ပါအကိုကြီး။မဟုတ်လည်း ဒီညပဲအမေ့ကိုပြောတော့မလို့ပါ"

" နင်ဘာဖြစ်နေတာလဲ ။ နင်ဘာလို့ ဘုရားမကြိုက်တဲ့အရာတွေလျှောက်လုပ်နေရတာလဲ"

ကျွန်မပုခုံးကို လှုပ်ခါရမ်းလျက် အကိုကြီးက အားမလိုအားမရဖြစ်နေ၏။

"ဘယ်ဟာက ဘုရားမကြိုက်တာလဲ အကိုကြီး"

အကိုကြီးအဖရာဆိုသည့်အတိုင်း အကိုကြီးက ကျွန်မကို သြဇာသံအပြည့်နှင့် ဆူ၏။
ကျွန်မသရအပေါ် ချစ်ခဲ့တာက ဘုရားမကြိုက်တဲ့အလုပ်တဲ့လား။

"နင်တို့က မိန်းကလေးတွေ။ မိန်းကလေးအချင်းချင်းဘယ်လိုမှ ဟာ..ကွာ"

"ချစ်တာပဲ အကိုကြီးကလည်း "

"နင်ငါ့ကိုပြန်ခံမပြောနဲ့။
ဘာတဲ့ မိန်းမအချင်းချင်းဖြစ်နေရတယ်လို့ ကြားလို့မှမကောင်းဘူး။ ရွံစရာဇာတ်လမ်းတွေ "

My Choice (Completed )Where stories live. Discover now