အခန်း ၉

1.1K 121 0
                                    

ဂစ်တာကြိုးပေါ် လှပစွာတီးခတ်နေသော ထိုလူကို ကျွန်မ ကြောင်ကြည့်နေမိသည်။
တနင်္ဂနွေနေ့ဖြစ်တာကြောင့် ဝတ်ပြုအစည်းအဝေးစမတင်ခင်မီ
လူငယ်များသီချင်းတိုက်နေကြခြင်းဖြစ်၏။

ကျွန်မအပါအဝင် အကိုနှစ်ယောက်၊ ကျွန်မ၏ညီမလေးပါသည်။
ဂစ်တာတီးနေသော ထိုလူနှင့် သူ့ညီ သူရပါသည်။
ကီးဘုတ်တီးနေသော အကိုတစ်ယောက်ပါသည်။
ကျွန်မအကိုတွေအရွယ် တခြားမိန်းကလေးသုံးယောက်ပါသည်။

ကျွန်မတို့မြို့ကလေးသည် သေးငယ်လွန်းတာကြောင့် ဘုရားကျောင်း၌ လူငယ်နည်းပါးသည်။

ကျွန်မတို့စာအုပ်တစ်အုပ်ထဲက လူငယ်များ ချီးမွမ်းသီချင်းကို နောက်ထပ် နှစ်အုပ်စီ ပြောင်းကူးထားတာကြောင့်
စာအုပ်သုံးအုပ်ရှိသည်ဖြစ်ရာ ကျွန်မအကိုနှင့် အမနှစ်ယောက်က တစ်အုပ်၊
ကျွန်မအကိုကျန်တစ်ယောက်ရယ် ကျွန်မညီမလေးရယ် ကျန်အမရယ်တစ်အုပ် ကျွန်မက တစ်အုပ်။

ကီးဘုတ်တီးနေသော အကိုက သူ့ဘာသာသပ်သပ်ရှိတာကြောင့်
ကျွန်မက စာအုပ်ကိုကိုင်ကာ ဂစ်တာတီးနေသော ထိုလူကိုပြကာအတူကြည့်ရသည်။
အားလုံးမတ်တပ်ရပ်ကာ ဂစ်တာကိုလွယ်ထားသော ထိုလူဘေးစာအုပ်ကိုအတူကြည့်ရန်ကျွန်မက သူ့ဘေးနားကပ်လျက်ရပ်ရတာကြောင့်နီးကပ်နေသည်။

ထိုလူသည် ဂျင်းဘောင်းဘီကိုဝတ်ထားပြီး
ရှပ်လက်ရှည်ဝတ်ကာ လက်ကို လက်ဖျံပေါ်အထိခေါက်တင်ထားပုံက သပ်ရပ်နေသူတစ်ယောက်မှန်းသိသာစေ၏။
ဆံပင်မှာ အပေါ်က အနည်းငယ်ရှည်တာကြောင့် ကြိုးဖြင့်စည်းထားပြီး နားရွက်နှင့် အောက်နားကတော့ တိုတိစွာညှပ်ထားသည်။

အသားအရေက ညိုညိုစိုစိုရှိပြီး ကြည်လင်နေ၏။

တစ်ခါမှတောင်မမြင်ဖူးပဲ ချစ်သူအဖြစ်ရွေးချယ်ဖို့ သင့်တော်တယ်ဟု ပြောခဲ့သော သရ၏မှတ်ချက်ကို ကျွန်မ အပြည့်အဝထောက်ခံမိသွားသည်။

ထို့အတူ အတွေးထဲဝင်လာသော စကားတစ်ခွန်း။

ချစ်သတဲ့လား။
သရက ကျွန်မကိုလေ။

မိန်းကလေးအချင်းချင်းဟူသောစိတ်က ကျွန်မ၏အသွေးအသားထဲမှာ ဆူးလိုနေရာယူထား၏။
ကျွန်မသရအပေါ်ဘယ်လိုခံစားချက်တွေရှိနေပါစေ သရဆီက ဖွင့်ပြောလာသည့်အခါ ရှက်စိတ်က ဒေါသအဖြစ်ပြောင်းကာ
သရကို ရက်ရက်စက်စက်စကားတွေနဲ့ထိုးနှက်ခဲ့လိုက်သေး၏။

My Choice (Completed )Where stories live. Discover now