အခန်း ၁၀

1.3K 127 1
                                    

ပိုးဖလံတွေကို မိုက်ရူးရဲပြီး မီးကိုတိုးတယ်ဟု လူတွေက သမုတ်ခဲ့ကြသည်။
တကယ်တော့ လူတွေသည်လည်း အချစ်ကိုတိုးတဲ့ ပိုးဖလံတွေပဲမဟုတ်ဘူးလား။
ရှေ့ဆက်ဖို့မဖြစ်နိုင်သော
အစကတည်းက စည်းခြားထားပြီးဖြစ်သော ရပ်ဝန်းတစ်ခုထဲကို
မျက်လုံးကိုစုံမှိတ်ပြီး ခြေချလိုက်မိကတည်းက နာကျင်မှုတွေ ပူလောင်ခြင်းတွေကို စတင်ခံစားမိလာတက်ကြတာသဘာဝပါပဲ။

ကျွန်မ၏ ခဏတာပဲဖြစ်ဖြစ် ပျော်ရွှင်ခဲ့ရဖို့ ရှင်းသန့်သရဖီကို ဆိုသော လိပ်ပြာလေးလို လှပညင်းသွဲ့သည့်မိန်းမပျိုကလေးအား
ချစ်ခင်စုံမက်ခဲ့ခြင်းက ကျွန်မအဖို့ အရာရာကို မေ့ထားနိုင်စွမ်းရှိခဲ့၏။

ရှုပ်ထွေးသော ကားလမ်းမထက်၌ လမ်းကူးသည့်အခါ သရ၏ လက်မောင်းသေးသေးသွယ်သွယ်ကလေးဟာ ကျွန်မအတွက် ဖေးမကာကွယ်ရာ အားကိုးစရာတစ်ခုဖြစ်ခဲ့၏။

ကျွန်မ၏ဆံပင်တွေ တွေကို စိတ်ရှည်လက်ရှည်ကိုင်တွယ်စည်းနှောင်ပေးသော လက်ချောင်းကလေးတွေကို ထွေးပိုက်ဆုတ်ကိုင်ပြီး လက်ဖမိုးတစ်နေရာကို
ကျွန်မနှုတ်ခမ်းနှင့်ငုံ့နမ်းသည့်အခါ ဖြူဖွေးသော ပါးပြင်နှစ်ဖက်က ရဲသွေးနီသွားရခြင်းကို ကျွန်မ အားရကျေနပ်ဖြစ်မိသည်။

တစ်ခါတလေ ကျွန်မအနောက်ကနေ ကျွန်မခါးကို
သူ့လက်တွေနှင့် တွယ်နှောင်လျက် ကျွန်မကျောပြင်ကို သူ့ပါးအပ်ထားသည့်အခါ ထူးခြားသော စိတ်ခံစားမှုက ကျွန်မရင်ထဲ လှိုက်ဖိုလာတက်သည်။
ကျွန်မ၏ ရူးကြောင်ကြောင်အတွေးတစ်ခုလည်းဖြစ်သည်။

ကျွန်မသည် အမြဲတမ်းစိတ်ကူးထားခဲ့သမျှ အမျိုးသားတစ်ယောက်နှင့်လက်ထပ်ပြီးထိုသူဟာ ကျွန်မ အားကိုးထိုက်ရမည့်လူဖြစ်ရမည်ဟု
ကြွေးကြော်ခဲ့ဖူး၏။
ယခုတွင်မူ ကျွန်မ၏ စိတ်ကူးယဉ်ခဲ့သမျှ တက်တက်စင်အောင်လွဲခဲ့ပြီ။
ကျွန်မသည် ယောကျ်ားလေးမဟုတ်သော မိန်းကလေးတစ်ယောက်အပေါ် အသက်နှင့်ထပ်တူ ချစ်မိခဲ့သည်။
ကျွန်မ၏ အားကိုးတကြီး တမ်းတမိရာ နာမ်စားမှာ သရသာဖြစ်ခဲ့သည်။
ကျွန်မ၏ ကာကွယ်ပေးချင်စိတ်များ ပေါက်ဖွားရာ လူမလေး။
ကျွန်မ၏ စိတ်ကို ထိုးဖောက်သိမြင်နိုင်သော
ကျွန်မစိတ်၏ အရှိကိုအရှိတိုင်း နားလည်သိမြင်လက်ခံပေးသော ပထမဦးဆုံး အရင်းနှီးဆုံးသူစိမ်းလူသားဖြစ်သည်။

My Choice (Completed )Hikayelerin yaşadığı yer. Şimdi keşfedin