အခန်း ၁၇

1K 112 1
                                    

သူ့အမေက လူတစ်ယောက်ကို သူ့အရှေ့မှာပဲ ဓားနဲ့ထိုးသတ်ပစ်ခဲ့သည်တဲ့။
သရဆီကတစ်ခါမှမကြားဖူးသလို အဲ့လိုပုံစံမျိုးသရပြောတာတောင်မကြားဖူးဘူး။
ဒါ ဦးရှင်းသန့်က သူ့သမီးနဲ့ဝေးဝေးနေအောင်လို့ပြောချင်တဲ့ အကြောင်းပြချက်သက်သက်လား။
ဦးရှင်းသန့်ကိုကျွန်မကြည့်မိတော့ သူ့မျက်နှာမှာ အတိတ်တစ်ခုဆီတွင် ငြိတွယ်နေသော အရိပ်အကဲကိုတွေ့ရသည်။

ကျွန်မ၏တုန်လှုပ်မှုနဲ့ခြောက်ခြားနေသမျှကို ဦးရှင်းသန့်က နှုတ်ခမ်းလှုပ်ရုံမျှပြုံး၏။
ကျွန်မအတွေးတို့ကိုလည်း ကြားသည့်လူတစ်ဦးလို ဖြေရှင်းချက်ကိုပေးပြန်သည်။

"သမီးက ဟိုးမွေးကင်းစကလေးဘဝထဲက သိပ်သိတက်ပြီး လိမ္မာခဲ့တာ။
လိမ္မာလွန်းလို့ သူ့ကိုတကူးတကထိန်းစရာတောင်မလိုဘူး"

ဦးရှင်းသန့်က အသက်ပြင်းတစ်ချက်ကိုချလိုက်သေး၏။
စိတ်မရှည်တော့သော ကျွန်မက ဘာတွေဖြစ်ခဲ့တာလဲဟု စိတ်ထဲ၌ အော်မေးနေမိသော်လည်း
စင်စစ်အပြင်၌ တုတ်တုတ်မျှမလှုပ်မိ။

အိမ်၏အပြင်ဘက်ဆီမှ ဂစ်တာသံသဲ့သဲ့ကလေးထွက်လာသည်။
သံဇဥ်တစ်ခုကိုကျွမ်းကျင်ပိုင်နိုင်စွာတီးခတ်နေသောပညာရှင်တစ်ဦးကဲ့သို့ ပီပီသသကြားနေရ၏။
ကျွန်မရောဦးရှင်းသန့်ပါ တစ်ပြိုင်နက် အပြင်ဘက်ဆီငေးကြည့်မိကြသည်။
နားစွင့်မိကြသည်။

"ငါ့စိတ်ကူးတွေထဲ×× ငါ့အိပ်မက်တွေထဲ... မင်းသာအချိန်တိုင်း ×× စိုးမိုးနေတက်လို့..
မင်းသာနေရာတိုင်း ပြည့်နှက်နေတက်လို့×× ငါ့မှာ ဘယ်လိုရုန်းထွက်နိုင်မလဲ×× အတောက်ပဆုံးမျက်ဝန်းတွေ မရိုးနိုင်တဲ့သူအပြုံးတွေ×× နှောင်ဖွဲ့ထား ငါ့ကိုပြုစား အဆိပ်တစ်ခွက်လိုပြင်းရှ××နေ့စဥ်ရက်တိုင်း မင်းအချစ်သာတောင့်တ×× ငါ့ကိုညှို့စားထားနိုင်သူရေ...

ငါတစ်ယောက်ထဲ ... အရူးတစ်ပိုင်းပါပဲ
အဆွေးညများနဲ့ ဝေဒနာအိမ်ကြီးထဲ ထွက်ပေါက်မဲ့နေပြီ×× မယုံနိုင်ခဲ့ ငါ့အဖြစ်ကိုပဲ အရိုးရှင်းဆုံးနဲ့
အကြင်နာအချစ်ဦးလေး ×× ငါတကယ်အမြတ်တနိုးချစ်နေတာ×× မင်းသိလား..."

My Choice (Completed )Où les histoires vivent. Découvrez maintenant