"သမီးလည်းလိုက်ချင်တယ် အန်တီ"
အမေက ကျွန်မကိုတွဲရင်းမှ အိမ်ရှေ့ကဆိုက်ကားဆီ
လျှောက်နေရင်း သရကိုခေါင်းညိတ်ပြလိုက်သည်။ချက်ချင်းဝင်းပသွားသော အပြုံးနှင့် သရက ကျွန်မအနားရောက်လာပြီးလာတွဲ၏။
"အဲ့လောက်မလုပ်ကြပါနဲ့ ငါလျှောက်နိုင်ပါသေးတယ်"
ကျွန်မပြောလိုက်သော်လည်း အဖက်မလုပ်ပါ မမချီကြရုံတမယ် တွဲကာ ဆိုက်ကားနောက်ခုံတွင်ထိုင်စေသည်။
ဆိုက်ကားဆရာက ဆိုက်ကားပေါ်မှာ ထိုင်နေသည်။
ကျွန်မက နေရာကိုဝင်မထိုင်သေးပဲ ဆိုက်ကာကိုစိုက်ကြည့်နေမိသည်။"ထိုင်လေ သမီး"
အနည်းငယ်ဝဖိုင့်ဖိုင့်ရှိသော ကျွန်မအမေကို ကြည့်လိုက် ကျွန်မနှင့် သရကို ပြန်ကြည့်လိုက် ဆိုက်ကားဆရာပိစိကွေးသေးလေးကိုကြည့်လိုက်နှင့် ဘယ်သူ့ကိုသနားလို့သနားရမှန်းမသိ သနားနေမိသည်။
ဒီအချိန်ကြီးမှာ လူသုံးယောက်ကို တအားနဲ့နင်းရမှာ။
ကျွန်မ အခန့်သားထိုင်စီးဖို့ကို တွန့်နေမိသည်။"ဘာမှမစဥ်းစားနေနဲ့ ထိုင်လိုက်ပါ။
အဲ့တာမှ ဦးလေးလည်း ဝင်ငွေရွှင်မှာလေ"နားနားကပ်ကာ ကျွန်မအတွေးကို ရိပ်မိသွားသော သရက တိုးတိုးလာပြော၏။
ကျွန်မလည်း ဖြည်းဖြည်းဝင်ထိုင်လိုက်သည်။
အမေက ရှေ့ခုံမှာထိုင်ပြီး နောက်ခုံမှ ကျွန်မ ကျွန်မနှင့်ဘေးရင်းကပ် စက်ဘီးနောက်ခုံမှာတော့ သရက ဘေးစောင်းထိုင်ကာ ပါလာသည်။အိပဲ့အိပဲ့နှင့် တရွေ့ရွေ့ လိမ့်နေသော ဆိုက်ကားကို အားနာလာကာ ဆိုက်ကားပေါ်က ပြေးဆင်းချင်စိတ်ပေါက်လာသည်။
ဟောဟဲလိုက်နေသော ဆိုက်ကားဆရာကို အားနာလာ၏။
ကျွန်မ စိတ်တွေ မလုံမလဲဖြစ်လာပြီး အပြစ်ရှိသလိုခံစားလာရသည်။မနည်းအောင့်အီးကာ လိုက်ပါလာပြီးမှ ဆေးခန်းတစ်ခုကို ရောက်တော့သည်။
အမေက ပိုက်ဆံထုတ်ပေးလိုက်ပြီး ဆေးခန်းထဲမဝင်ခင် ဆိုက်ကားဆရာပြန်နင်းထွက်သွားတော့သည်။"အပြန်လမ်းလျှောက်ပြန်မယ် အမေ ။ ဆိုက်ကားစီးရတာ မကြိုက်ဘူး "
YOU ARE READING
My Choice (Completed )