အန်တီရတီက ကားဖြင့်ပြန်ပို့ပြီး အိမ်မှာ အမေ့ကို နှုတ်ဆက်လိုက်သေးသည်။
သူ့ကားနဲ့သေချာပြန်ပို့ပေးခဲ့ကြောင်း ၊ ကလေးကပထမဆုံးနေ့မို့ စာသင်တာအချိန်နည်းနည်းပိုသွားကြောင်းပါတောင်းပန်လိုက်သေးသည်။
အမေက အထဲဝင်ဖို့ခေါ်သော်လည်း အန်တီကမဝင်။
ကားကိုမောင်းကာ ခြံပြင်ပြန်ထွက်သွား၏။အမေ့ကိုအကဲခက်ကြည့်တော့ အဖြစ်မှန်ကို ရိပ်မိပုံမရတာကြောင့် ကျွန်မလည်း စိတ်အေးအေးသာနေလိုက်သည်။
သို့သော် အမေသည် အရင်တုန်းကလို တံခါးကိုသော့သွားပြန်ပိတ်လိုက်တာကိုသတိထားမိအောင် သတိထားမိလိုက်ပါသည်။
အမေဘယ်အချိန်ထိများ ကျွန်မကို အိမ်ထဲမှာပိတ်လှောင်ထားဖို့ စိတ်ကူးထားပါလိမ့်။
ကျွန်မသည် သက်ရှိလူတစ်ယောက်ဆိုတာပင်မေ့နေသလားမသိပါ။
အသက်ပြင်းတစ်ချက်သာချရင်း ကျွန်မအိမ်ထဲဝင်ခဲ့လိုက်သည်။"သမီး "
အခန်းထဲဝင်မည်အပြု အမေ့ခေါ်သံကြောင့်ရပ်ကာ ပြန်လှည့်ကြည့်လိုက်သည်။
"ဟိုကလေးမနဲ့ ထပ်တွေ့သေးလား"
"အမေ! အမေဒီလောက် ထိ ပိတ်လှောင်ထားတာတောင်မှပဲ ထပ်တွေ့သေးလားလို့မေးတယ်နော်။ ခြံထဲကနေ အမေမသိပဲ ခြံပြင်ဘယ်တုန်းကထွက်ဖူးလို့လဲ။
ဟောအခု ထွက်ရပါပြီဆိုတော့လည်း အသွားအပြန်ကို အန်တီရတီကို အမေအပ်လိုက်တယ်လေ။ သမီးဘယ်မှာ သူနဲ့ တွေ့ဖို့အခွင့်အရေးရှိလို့လဲ
ဒီလောက်ဆိုတော်ပြီပေါ့အမေရယ်။ ပိုဆိုးလာရင် သမီး သူနဲ့ ထွက်ပြေးမိသွားလိမ့်မယ်အမေ ။ ဒီထက်ပိုပြီး မချုပ်ချယ်ပါနဲ့တော့။ လူဆိုတာ ဖုံးလွန်းရင်ပေါ်တယ်။ဖိလွန်းရင်ကြွတက်တယ်အမေရဲ့""ဘာ! နင်ဘာပြောလိုက်တယ်။ သူနဲ့ထွက်ပြေးမယ်ဟုတ်လား။ နင်ငါ့ကို ဒီလောက်စိတ်ဒုက္ခပေးရရုံနဲ့မကျေနပ်သေးဘူးလားဟမ်။
သူ့ကိုဘာတွေများဒီလောက်စွဲလမ်းနေရတာလဲ။ အဲ့တာကျမ်းစာနဲ့မညီဘူးဆိုတာ ဘယ်လိုပြောမှ နားလည်မှာလဲ။ ကျမ်းစာတွေရော ပြန်ဖတ်ဖြစ်ရဲ့လား""ဟင့်အင်း မဖတ်ဘူးအမေ။ အမေ တံခါးသော့ခတ်လိုက်တဲ့နေ့ကစပြီး ဘာကျမ်းစာမှ မဖတ်သလို ဘာဆုမှလည်း မတောင်းဖြစ်တော့ဘူး။ တစ်ခါတလေတော့လည်းတွေးမိပါတယ်။
ဘာသာရေးဆိုတာလည်း လူတွေကို အယူသီးမှုတစ်ခုအောက်ဆွဲသွင်းနေတဲ့ အရာတစ်ခုပဲ။ ဟိုတုန်းကလူတွေက သူတို့ ထင်တာတွေ ချရေးခဲ့ကြတာကို အခုခေတ်လူတွေက သူတို့အတွေးအတိုင်း သူတို့မှန်တယ် လျှောက်ဘာသာပြန်နေကြတာပဲလေ။
အမေတောင်မှပဲ အမေမှန်တယ်ထင်နေတာကိုလုပ်နေတာပဲ မဟုတ်ဘူးလား"
ESTÁS LEYENDO
My Choice (Completed )