အခန်း ၆

1.3K 128 0
                                    


မချစ်နဲ့တော့×× ဖြေသိမ့်စရာအဖြေမရှိတော့..
မချစ်နဲ့တော့ တိမ်တိုက်လို ထွက်သွားတော့
ဒီထက်ပိုရင်ခုန်ရင် ဒီထက်ပိုကြေကွဲခြင်းနဲ့ ×× တို့တွေ့ရလိမ့်မယ်..
မဖြစ်သင့်ပြီမို့ မင်းလွတ်လပ်တဲ့ဆီသွားပါ....

မချစ်နဲ့တော့ ဖွင့်ပြောရန်အချိန်မဟုတ်တော့××
မချစ်နဲ့တော့ ပြတ်သားစွာကျန်ရစ်တော့ ..
အနာဂတ်ကို ယုံကြည်ပါ ×× လူတိုင်းဟာကိုယ်ကျိုးစွန့်ဖို့ တကယ်ပေးဆပ်ဖို့ခက်..
နင်တစ်နေ့နေ့မှာတော့ငါ့ဆုံးဖြတ်ချက်ကိုနားလည်မယ်...

..........

သရဆီက ထွက်လာပြီး နှစ်ပတ်လောက်အကြာ ညနေခင်းတစ်ခုမှာ အိမ်ရှေ့က သစ်တုံးနှင့်လုပ်ထားသော ထိုင်ခုံပေါ်မှာ အကိုကြီးက ဂစ်တာတစ်လတ်ဖြင့် သီချင်းဆိုနေသည်။
ကျွန်မသည် ပျော်စရာစာသားတွေမပါသော အကိုကြီးသီချင်းအတွက် ဘာရယ်မဟုတ် စိတ်ထဲ တစ်မျိုးကြီးဖြစ်မိသည်။

ကျွန်မ အကိုကြီးအနားသွားတော့ အကိုကြီးက ဂစ်တာတီးတာက ရပ်ပြီး တစ်ဖက်ကို လှည့်သွားကာ မျက်ရည်ခိုးသုတ်တာကို မြင်ရသည်။

"သြော် ညီမလေး "

အကိုကြီးမျက်လုံးက နီရဲနေသည်။
မျက်နာက ကြေကြေကွဲကွဲရှိလှသည်။
ကျွန်မတို့စာမေးပွဲနီးလာပြီဖြစ်တာကြောင့် စာကိုအာရုံစိုက်နေရပေမယ့် သရနဲ့ စကားမပြောတာကြောင့် သရအိမ်လည်းမသွားသလို သရကလည်း ကျွန်မအိမ်ကို ယောင်လို့တောင်မှ မလာခဲ့။

နေနိုင်လိုက်တာလို့ ပြောချင်ပေမယ့် နေဖို့သင့်ပြီဟု ကျွန်မ ထင်ပါသည်။

"စာမေးမလို့လား"

"ဟင့်အင်း "

ကျွန်မ လည်း စာမေးဖို့ ရောက်လာတာမဟုတ်။
အကိုကြီးသီချင်းသံကြားလို့ ရောက်လာခဲ့တာဟု ပြောပြဖြစ်သည်။

"စာမေးပွဲနီးပြီ။
စာကြိုးစားနော်။ မသိတာရှိရင် လာမေး "

"အကိုကြီး ရည်းစားနဲ့ ပြတ်သွားလို့ ငိုနေတာလား"

အကိုကြီးက ဟန်တောင်မဆောင်နိုင် မျက်ရည်တွေ ရစ်သိုင်းဝေ့သီလာတာက
တည်ငြိမ်ပြီး ရင့်ကျက်မာကျောသော ကျွန်မရဲ့ အကိုကြီးမှ ဟုတ်ရဲ့လားလို့တောင် ကျွန်မထင်မိသည်။

My Choice (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ