အခန်း ၄

1.4K 140 0
                                    


"အာ.. သရမှာ ငါကလွဲပြီး တခြားသူငယ်ချင်းတွေရှိမှာပေါ့နော်"

"ဟင့်အင်း တို့ဘယ်သူနဲ့ တွဲတာတွေ့ဖူးလို့လဲစကားပြောတာရော မြင်ဖူးလို့လား"

"မမြင်ဖူးဘူးလေ ဒီမှာတော့။ အရင်ကကျောင်းမှာရှိခဲ့မယ်ထင်လို့
အဲ့တာကြောင့်မေးကြည့်တာ"

"အိုင်းရစ်က တို့ပထမဆုံးရင်းနှီးချင်တဲ့လူပဲ။
ဒီကိုပြောင်းမလာခင်တုန်းက ကျောင်းတွေမှာလည်း တို့ဘယ်သူနဲ့မှ မပတ်သက်ဘူး။
သူတို့ပြောဖူးကြတယ် တို့က မာနသိပ်ကြီးတယ်တဲ့"

"ငါ့အမြင်မှာတော့ သရက အဲ့လိုမဟုတ်ပါဘူး။ ဟုတ်တယ်မလာ"

သရက ပုခုံးတွန်သည်။
ဘယ်သိမလဲ ဟူသော ပုံစံဖြင့် ။
တကယ်ပဲ သရက မာနကြီးတယ်ဆို ကျွန်မလို လူကို ဘယ်ခင်မလဲ။
မဟုတ်ဘူးလား။

ကျွန်မ အချိန်ကြာကြာ သရအခန်းထဲမှာစကားပြောရင်းကုန်ဆုံးခဲ့ပြီးနောက်
သိလာရတာတစ်ခုက သရက တစ်ခုခုဆို သိပ်အများကြီးခံစားမနေတက်တာပဲ။

ရိုးရိုးရှင်းရှင်းစဥ်းစားတက်သူဖြစ်ပြီး ရိုးရိုးရှင်းရှင်းပဲ ပျော်အောင်နေသူ။
လူတွေပြောသလို သရမှာ မာန ဆိုသည့်အရိပ်အယောင်ဘာတစ်ခုမှမတွေ့ရ။

"သရက မာနကြီတယ်ဆိုတာ ဘယ်လိုပြောပြောမယုံနိုင်ဘူး
ဒါပေမဲ့ အခုချိန်ထိ ဘယ်သူနဲ့မှ ခင်တာမတွေ့သေးတော့ အဲ့လိုပဲ ယုံထားရမယ်ထင်တယ် "

"ယုံထားရမှာမဟုတ်ဘူး ယုံကိုယုံလိုက်။
တို့မှာ အိုင်းရစ်ကလွဲပြီး တခြား ရင်းနှီးချင်တဲ့လူမရှိဘူး"

"ဟင်း! သရကို ခင်ချင်တဲ့လူတွေမှ ကျောင်းမှာအများကြီး။ တစ်ခါတလေ ငါ့ဆီတောင်လာလာကပ်ကြတယ်သိလား
ငါမပြောတာ.."

တကယ်ပဲ ကျောင်းမှာ သရနဲ့ခင်ချင်သူတွေများ၏။
ဆယ်တန်းက လူတွေရော ကိုးတန်းကလူတွေပါ သရကို လာလာကြောင်ကြတာတွေရှိသည်။
တချို့က ကျွန်မကနေတဆင့် ရင်းနှီးခွင့်တောင်းခိုင်းကြသည်။
ကျွန်မကသာ ဖွင့်မပြောခဲ့တာ။

သရသာ သူတို့ကိုခင်သွားရင် ကျွန်မကို ထားခဲ့မှာ စိုးတာကြောင့်
နှုတ်ဆိတ်နေခဲ့တာ။

My Choice (Completed )Where stories live. Discover now