1

330 19 21
                                    

လက်ထဲမှာကျောပိုးအိပ်လေး ပိုက်ထားတဲ့ ကောင်လေး ကားနောက်ခန်းကိုဝင်ထိုင်လိုက်ချိန် သူကတော့သက်ပြင်းဖွဖွချလိုက်ရပီ။ ပါပါးတို့အလိုကျ ကတိဂဝတ်တွေအရင် ဒီကောင်လေးကို သူလက်ထပ်ယူလိုက်ရပီ။ ဒါဘယ်သူ့ကိုအပစ်တင်ရပါ့မလဲလို့ Lin ZiHong တွေးပီး သက်မောသာထပ်ချဖြစ်သည်။

ဒီကောင်လေးကိုလက်ထပ်လိုက်ရတဲ့အတွက် ချစ်သူရဲ့အထင်လွဲမုန်းတီးမှုကိုလည်းခံလိုက်ရသည်။ သို့ပေမဲ့ ဖြစ်လာမှတော့အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားယုံပါပဲ။

နောက်ကြည့်မှန်မှတဆင့်မြင်ရတဲ့ ဆံပင်အုပ်အုပ်နဲ့ကောင်လေးက ခေါင်းကိုငုံ့ လက်သည်းကိုကုတ်ခြစ်ရင်းပါလာသည်။ အသက် 19 နှစ်အရွယ်ဒီကောင်လေးသည်လည်း ဒီရုတ်တရက်အခြေအနေကိုမနဲလက်ခံနေရပုံပေါ်သည်။ အခုမှ တက္ကသိုလ်ကျောင်းသားအရွယ် ပျော်နေရမဲ့အရွယ်လေးက ရုတ်တရက်အိမ်ထောင်ကျရတဲ့အပြင် လင်ထပ်ရတာလည်းယောကျာ်တယောက်။

"မင်း ကျောင်းပြောင်းဖို့ကိစ္စတွေ နောက်တပါတ်အပီးလုပ်ပေးမယ် "

နယ် တက္ကသိုလ်လေးမှာ ကျောင်းတက်နေတဲ့လူကြီးမကျ ကလေးမကလေးရဲ့ အုပ်ထိန်းသူဟာ ဒီနေ့ကစပီးသူဖြစ်ခဲ့ရပီဆိုတော့ အစစအရာရာ အကောင်းမွန်ဆုံးလုပ်ပေးဖို့ပဲ စဥ်းစားတော့တယ် အိမ်ထောင်ဖက်ဆိုတာထက် ညီတယောက်လို ဆိုဆုံးမသွားဖို့ကလည်းသူတာဝန်ဖြစ်ခဲ့ပီ။ ကောင်လေးက လိမ္မာပုံတော့ရပါတယ်။ လိမ္မာလို့လဲ သူ့လို အသက် 8 နှစ်လောက်ကွာသူယောကျာ်တယောက်ကို တခွန်းမှမငြင်းလူကြီးတွေစီစဥ်တဲ့အတိုင်းလက်ခံတာပေါ့။

***************

"ကဲရောက်ပီ "

အိမ်ထဲဝင်တာနဲ့ အသိပေးတော့ ဝိုင်းစက်တဲ့ မျက်လုံးလေးတွေနဲ့လိုက်ကြည့်သည်။

"အန်တီ အိမ်ကဝန်ထမ်းတွေခေါ်လိုက်ပါ ဆင်းခဲ့ Yang Yu Teng မင်းအိပ်သယ်စရာမလိုဘူး ဒီမှာလာ"

ခေါ်လိုက်တော့ ကျောပိုးအိတ်လေးတင်းတင်းကိုင်ပီး သူနဲ့ခပ်ကွာကွာမှာ ခေါင်းငုံရပ်သည်။

"သူက ကျတော် လက်သွားထပ်လာတဲ့ သတို့သား"

"ဟုတ် "

နူးညံ့စွာပျော်ဝင်သောWhere stories live. Discover now