"YU ရေ"
Mai Mai က သူ့ဆီပြေးလာပီးလာခေါ်တာမို့ YU စာဖတ်နေရာမှ ကြည့်လိုက်သည်။ ပါပါးဆီသွားဖို့ရော အလုပ်သွားဖို့ရော မလိုတဲ့နားရက်မို့ အေးအေးလူလူစာဖတ်နေခြင်းဖြစ်သည်။
"Mai Mai ဘာလဲ အလန့်တကြားနဲ့"
"မမ Zi ရောက်နေတာ "
"ဟင်""
အိမ်မှာ အိမ်ကလူကြီးလည်းမရှိပါဘူး။ ဘာလာလုပ်တာလဲ။ ဘာတွေလာပြောတာလဲ။ YU တညက အကြောင်း အန်တီတို့ဆီကကြားပီးပါပီ သံသယတွေလည်း ထပ်မရှိတော့ပါဘူး။
ဒါပေမဲ့ ဒေါက်တာ ရောက်လာတယ်ဆ်ုတော့ စိတ်ထဲပူမိတာတော့အမှန်ပါ။"ဆင်းလာမယ်"
YU အိပ်ခန်းဆီပြန်ဝင်ပီး နဲနဲ ပိုသပ်ရပ်အောင်ပြင်ဆင်ကာအောက်ဆင်းလာသည်။ ဧည့်ခန်းမှာ ပြုံးပီးထိုင်နေတဲ့ဒေါက်တာ Zi။ သူ့ကိုမြင်တော့ ပို၍ ပြုံးရီပြသည်။
"အကို ဆေးရုံမှာပဲထင်တယ် အိမ်မှာမရှိပါဘူးဒေါက်တာ "
"အာ ဘာလို့ဒေါက်တာလဲ အမလို့ခေါ်"
ဖတ်ကနဲ YU လက်မောင်းကိုလာရိုက်သည်မို့ YU လန့်သွားသည်။ မထင်ထားတဲ့အပြုအမူမဟုတ်လား။
"အာ ဟုတ် အမ အကိုကဆေးရူံမှာ"
"တို့သိတယ် တို့က YU ဆီလာလည်တာ ရော့ Mai Mai ဒါတွေသိမ်းလိုက် "
အရံဟင်းများဖြစ်ပုံရသည်။ ဘူးကြီးဘူးငယ်နှင့်တစ်ထုပ်ကြီးကို Mai Mai လက်ထဲအပ်လိုက်သည်။
"အရံဟင်းတွေလေ အမအိမ်ကပို့တာ အမကသိပ်မစားဘူး YU တို့ အိမ်ကလူတွေစားရအောင်ရယ် နောက်ပီး အဟဲ အမက YU လက်ရာစားချင်လို့"
ပေါ့ပါးသွက်လက်တဲ့ဒေါက်တာZi ကိုကြည့်ပီး YU ငေးနေရသည်။ ဒါ အိမ်ကအမျိုးသားရဲ့လက်ထပ်လုဆဲဆဲEX ဆိုတာသေချာရဲ့လားလို့သူတွေးနေမိတာ။
"သိလား အန်တီ Lin ZiHong ကလေ ဆေးရူံမှာဆို သူ့အမျိုးသားလေးက ဟင်းချက်သိပ်ကောင်းတာ ဘယ်လို ချစ်စရာကောင်းတာ ဘယ်လိုချောတာ ပြောတာပြောတာဆိုတာလေ Zi ဖြင့်နားတောင်ငြီးတယ် ချောတာတော့ဟုတ်ပါပီ ဟင်းလက်ရာလေးမြည်းချင်လို့ဒီနေ့ဒီမှာထမင်းစားပါရစေနော်"
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။