11

167 17 14
                                    

ငြီးသံသေးသေးလေးနဲ့ ချွေးစီးတွေပြန်နေတဲ့ ကိုယ်လုံးလေးကြောင့် Lin ZiHong နိုးလာရသည်။

"ချာတိတ်"

ဆံနွယ်လေးတွေကပ်ပီးစိုနေတဲ့ကြားကမျက်နှာလေးကိုဆွဲမော့လိုက်တော့နီရဲလို့နေပီ။ နဖူးပြင်ကိုစမ်းတော့ပူကျက်လို့။

"ကျစ် ငါတော့ကွာ "

အိပ်ယာထဲကလူးလဲထ ခါးတွင်သဘက်တသ်ထည်ကောက့ပတ်ပီး ရေချိုးခန်းဝင် ရေတစ်ဇလုံယူ၍ ရေပတ်တိကြ်ရန်ပြင်ရတော့သည်။ ဖျားနေပီ။ မနေ့ညက သူတို့အတော်ကြမ်းသွားတာ။ ဖျားသွားမလားမတွေးမိအောင် ဖြစ်သွားတဲ့သူ့ကိုယ်သူပဲအပစ်တင်သည်။

တကိုယ်လုံးရေပတ်တိုက် အဝတ်လဲပေးပီး ကိုယ်လုံးလေးကို ပွေ့ချီပီး ဆိုဖာရှည်ပေါ်ခဏချရသည်။ ပေနေတဲ့အိပ်ရာခင်းကအနံ့အသက်တချို့ပါရှိနေ၍ လဲမှဖြစ်မည်။

အိမ်အကူတွေကိုမခေါ်ပဲကိုယ်တိုငိအိပ်ရာလဲကျင်းပီးသည်အထိ သူ့မှာခါးဝတ်သဘက်တစ်ထည်နဲ့သာရှိသေးသည်။ ကိုယ်လက်သန့်စင်ပီး YU ကိုနေရာပြန်ရွေ့ ဆေးသေတ္တာထဲက အကိုက်ခဲပျောက်ဆေးယူ၍ တလုံးထိုးပေးရသည်။ ဆေးသောက်ယုံနဲ့မြန်မြန်သက်သာမယ်မထင်ဘူး။

တခုခုကျွေးဖို့ အောက်ထပ်ဆင်းရန် ထလာတော့

"ဘယ်သွားမလို့လဲလို့ "

တချိန်လုံးငြိမ်ပီး ငြီးနေတဲ့ကောင်လေးက သူ့လက်ဖျားကိုလှမ်းဆွဲသည်။

"ဆန်ပြုပ်ပြုပ်အုန်းမယ်လေ မင်းဖျားနေပီ"

"မသောက်ချင်ဘူး "

"ဆေးသောက်ရမှာ ခဏလေးပဲ "

ခါးကိုပါအတင်းဆွဲဖက်တာမိူ့ သူ့မှာ ပြိုလဲပီးမဖိမိအောင်မနဲတောင့်ထားရသည်။

"ဖက်ထားပါ "

ဒီကောင်လေးက သူ့ကိုချုပ်နိုင်လွန်းသည်။ ရှက်တတ်ကြောက်တတ်တာကိုက စွဲလန်းနေရတာမျိုး။
စိတ်ကျေနပ်အောင်ခဏထွေးဖက်ထားတော့ သူ့ရင်ခွင်ထဲတိုးဝင်လာသည်။

"နာတယ်အရမ်း "

"ဒါဖြင့် ကိုယ့်ကိုညထဲက ဘာလို့မငြင်းတာလဲ "

"အဲ့ချိန်တုန်းက ငြင်းချင်စိတ်မရှိဘူး "

"ဟားးးဟားး "

နူးညံ့စွာပျော်ဝင်သောWhere stories live. Discover now