"Yang Yu Teng ဆင်းမလာသေးဘူးလား "
"ဟုတ်တယ် အကိုလေး "
နာရီကိုကြည့်တော့ မနက် ကိုးနာရီ။ အမှန်ဆိုနောက်ကျနေပီ။ ပိတ်ရက်မဟုတ်ရင် မနက် ရှစ်နာရီမထိုးခင် မနက်စာစားဖို့ ဖြစ်နေရမှာ ။ စည်းမျည်းတွေကို မသိမသာ ဖီဆန်နေတဲ့ပီး ဂျစ်တိုက်နေတဲ့ ကောင်လေးကို ဘယ်ကစ ချော့ရမှန်းသူမသိသေး။
"ကျစ် သွားနိုးလိုက်ပါ အတန်းနောက်ကျနေမယ် "
အိမ်အကူကောင်မလေး သွားနိုးပေးချိန်ထိ သူလည်း ဘာမှမတို့မထိပဲ စောင့်နေလိုက်သည်။
ခဏအကြာကောင်မလေးနှင်အတူ အိမ်ကကောင်လေးပါလာသည်။ ညဝတ်အကျီ ဝတ်ထားဆဲကောင်းလေးကိုကြည့်ပီး တိုက်ပွဲဝင်ရန်ပြင်ရတော့သည်။
"မနက်စာသွက်သွက်စားလိုက် ပီးရင်ကိုယ်ကျောင်းလိုက်ပို့မယ် "
"ကျတော်ဒီနေ့အတန်းမတက်ချင်ဘူး "
"ဘာလို့လဲ နေမကောင်းဘူးလား "
အပြောနဲ့တခါထဲနဖူးကိုပါ ထစမ်းလိုက်သည်။
ကောင်လေးက ခေါင်းရမ်းသည်။ ပီးတော့
"နားချင်လို့ပါ "
ခဏတော့ စိုက်ကြည့်နေလိုက်ပီးမှ
"အင်းဟုတ်ပီ နား ကိုယ်ညနေစောစောပြန်လာမယ် လာမနက်စာစား "
"ထမင်းမစားတော့ဘူး ခေါက်ဆွဲပြုပ်ပဲ "
"Yang Yu Teng"
တမင်ဂျစ်နေတာ။ စိတ်ကိုလျော့ချလိုက်ပီး
"ကိုယ်ပြုပ်ပေးမယ်"
ဘာမှပြောမနေပဲ ရှေ့ဝင်ထိုင်သည်။ ကြည်ကြည်စင်စင်မျက်နှာလေးက မနေ့ညက ငိုထားကြောင်းသိသာသည်။ ဒါလေးကိုဘယ်လိုလုပ်ရမလဲ။
Lin ZiHong ကုတ်အကျီပြန်ချွတ် ရှပ်အကျီလက်ကိုပင့်တင်
မီးဖိုချောင်ဝင်လိုက်တော့ အိမ်အကူတွေနေရခက်ကုန်သည်။"ရတယ် ကျတော်ပဲလုပ်ပေးလိုက်မယ် "
ခဏအတွင်း အရသာရှိတဲ့ သားငါးအသီးအရွက်ပါသည့် ခေါက်ဆွဲ ပြုပ်တစ်ပန်းကန်ကို ရှေ့ချပေးလိုက်သည်။
"ပူတယ် ဖြေးဖြေးစား ကိုယ်တတ်နိုင်သမျှ စောစော ပြန်လာမယ် ကိုယ်တို့စကားပြောရအောင်"
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။