12

159 15 13
                                    

သူတို့အိမ်ထောင်ရေးက အရင်ကထက်အဆင်ပြေစပြုလာပီလို့ပြောရမယ် ။ ဒါပေမဲ့ Lin ZiHong ကမပွင့်လင်းဘူး။ ချစ်လားဆိုတဲ့မေးခွန်းအတွက် ရှောင်ဖြေတဲ့အဖြေတွေကို သူသဘောမကျလှပေမဲ့ နားလည်နိုင်အောင်ကြိုးစားတယ်။ အရင်ကထက်ဂရုစိုက်တယ် အရင်ကထက်နွေးထွေးတယ်။ ဒါပေမဲ့ ချစ်တယ်လို့သေသေချာချာပြောဖို့စိတ်ကူးရှိဟန်မတူဘူး။

ဒီနေ့ YU အလုပ်ရပါတယ်။ အီလက်ထရောနစ် ကုမ္မဏီကြီးတခုမှာရတာ။ ဒါဟာ Royal ဆေးရုံပိုင်ရှင်ရဲ့သားမက်လို့ဘယ်သူမှမသိပဲရလိုက်တဲ့အလုပ်။ သူနဲ့အတူ သူငယ်ချင်း Evan ပါအလုပ်အတူရလိုက်သည်မို့ အရမ်းပျော်မိတယ်။ အလုပ်ရကြောင်းပြောပီး ချီးကျူးခံရဖို့ ညနေခင်းပြန်လာမဲ့လူကြီးကိုစောင့်လို့နေလိုက်သည်။ငေးမောနေရင်းဝင်လာသောဖုန်းသည် Lin ZiHong ဆီက

"ချာတိတ် ကိုယ်အိမ်ပြန်နောက်ကျမှာမို့ ညစာစားနှင့်နော် အရေးကြီးလို့ "

ခပ်လောလော ပြောပီးချသွားသော ဖုန်းအတွက်သူ့မှာအဖြေတောင်မရှိလိုက်။ ပါရဂူဘွဲ့ယူမဲ့ အိမ်ကလူကြီးသည် လက်ရှိမှာလည်း Royal ရဲ့အတော်ဆုံး ဆရာဝန်တွေထဲပါသည်။
အလုပ်မအားတာမျိူးက ဖြစ်မဲ့ကိစ္စမျိုးပါပဲ။ ဒါပေမဲ့ YU ရင်ထဲတော့ နဲနဲ မကြည်မလင်ဖြစ်ရသည်။

မကြည်လင်တဲ့စိတ်ကြောင့်ညစာမစားမိသလို ပျှော်နေတဲ့အပျော်လည်း မရှိတော့ ။ နာရီတကြည့်ကြည့်မှာ ည 9 နာရီအရောက် လိုက်သွားရင်ကောင်းမလားဆိုတဲ့အတွေးဝင်လို့လာသည်။ ဘယ်တုနိးကများ ဒီအချိန်ထိအပြင်မှာနေနေဖူးလို့လဲ။ တခုခုဖြစ်နေလားပူပန်ရတာခံရခက်လှသည်မို့ ကားသော့ကောက်ယူ ဂျာကင်ထပ်ပီးအောက်ထပ်ဆင်းလာခဲ့သည်။ သို့သော်ကားဂိုထောင်မရောက်ခင် ဝင်လာတဲ့ကားမီးရောင်ကြောင့် ခြံဝကိုလှမ်းကြည့်တော့ Lin ZiHong ရဲ့ကား။ ပြန်လာပီဆိုပီး စိတ်ပူရသမျှအေးလို့သွားပီးထိုနေရာအစားထိုးဝင်လာတာက စိတ်ကောက်ချင်စိတ်။

ဆူပုတ်ပီး နေရာကမရွေ့ရပ်နေမိတဲ့ သူ့နား Lin ZiHong ရောက်လာသည်။ အနဲရဲနီနေတဲ့မျက်နှာ ပြုံးယောင်ယောင်မျက်နှာပေး ခပ်ယိုင်ယိုင်ခြေလှမ်းတို့ကိုကြည့်ခြင်းဖြင့် အရက်မူးလာတာ YU သိလိုက်ပီ။ ပိုလို့ကောက်ချင်စိတ်နဲ့ ကိုယ်ကိုယ်ပါ တဖက်လှည့်ပစ်တော့ ပုခုံးတွေကို ဆွဲဖက်သည်။

နူးညံ့စွာပျော်ဝင်သောWhere stories live. Discover now