14

133 14 12
                                    

"ဒါ Lin ZiHong တို့အိမ်ကပိုင်တဲ့ဆေးရုံပဲပါး"

"အော် သူဌေးLin က ဆေးရုံလည်းပိုင်သကိုး "

"ဟုတ်တယ်ပါး အကိုက ဆရာဝန်မဖြစ်ခင်ကတည်းကဖွင့်ထားတာ ဒါပေမဲ့ အကိုကဒီမှာအုပ်ချုပ်ရေးပဲတာဝန်မယူဘူး ဆေးပဲကုတာ "

YU ကပါးကိုတွဲထားရင်းနှာခေါင်းရှူံ့ကာပြောသည်။ YU သည်အလုပ်ကတန်းလာတာမို့ Suit နဲ့ဖြစ်သည်။ ခဲရောင်ရင့်ရင့်Suit သည်ဖြူဥသောအသားအရေနဲ့လိုက်ဖက်လွန်းသည်။

"ခဏလေးပါး ကျတော် Resection မှာ စာရင်းပေးထါးတာမေးလိုက်အုန်းမယ် "

YU တယောက် ဘေးလွယ်အိပ်လေးကိုနောက်ပို့၍ Resection ဆီလျောက်လာသည်။မေးစရာရှိတာမေးနေတုန်း

"Hi Lin ZiHong ရဲ့အမျိုးသားလေးမလား "

"ဗျာ အွန်း ဟုတ်ပါတယ်ဗျ"

မြင်ဖူးသလိုရှိတာမို့လှည့်ကြည့်လိုက်တဲ့အခါ ဂျူတီကုတ်ဝတ်ထားသော အမျိုးသမီး ။ ဆံနွယ်ရှည်တို့ကို ဖျားလျားချထားသည် နှင့် နှုတ်ခမ်းနီ ခပ်ဖျော့ဖျော့က လိုက်ဖက်စွာ ။

"ဒေါက်တာ "

"အို တို့ကိုသိလား "

YU ခေါင်းဖြေးဖြေးသာငြိမ့်မိသည်။ မသိစရာလား။အကို့ရဲ့ သိပ်လှတဲ့ EX ပဲဟာ။

"ဘာလာလုပ်တာလဲ Lin ZiHong ဆီလာတာလား "

YU ခေါင်းတခါထပ်ငြိမ့်သည်။

ဒေါက်တာ Zi က သူ့လက်ပေါ်က လက်ပါတ်နာရီကိုတချက်ကြည့်ပီး

"ဒီအချိနိ ZiHong က ခွဲခန်းထဲမှာထင်တယ် သူ့ရုံးခန်းသိလား"

YU ခေါင်းရမ်းလိုက်သည်။ တကယ်မသိပါဘူး တခါမှလည်းမလာဖူးသလို အလုပ်နဲ့ပါတ်သက်တာတခုမှလည်းမမေးဖူးပါဘူး။

"အွန်း 5 လွှာမှာ ဓာတ်လှေကားကအထွက်ညာဘက်ချိုး 4 ခန်းမြောက်ပါ စောင့်နှင့်မလား နောက်တနာရီလောက်ဆိုပီးမယ်ထင်တယ် "

YU မသိတဲ့အရာတွေ ဒေါက်တာZi အများကြီးသိနေမှာသေချာတယ်။ ရင်ထဲ ဆစ်ခနဲနာသွားရပေမဲ့ YU ပြုံးပြပီး

"မစောင့်တော့ပါဘူး ကျတော့်ပါပါးကိုဆေးစစ်ဖို့လာရတာပါ စာရင်းလေးပေးပီးသားမို့ လုပ်စရာရှိတာပဲလုပ်သွားလိုက်တော့မယ်"

နူးညံ့စွာပျော်ဝင်သောWhere stories live. Discover now