2

124 17 13
                                    

ကျတော်အိပ်ရာထတော့ သူမရှိတော့ဘူး။ ပါပါးရဲ့အခက်အခဲ မာမားရဲ့ နောက်ဆုံးဆန္ဒတွေကြောင့် တခါမှမမြင်ဖူးသူ ယောကျာ်တယောက်ကိုလက်ထပ်လိုက်ရမယ်လို့လွန်ခဲ့တဲ့လထိမတွေးခဲ့ဘူး။ တနေ့တနေ့ ကျောင်းသွား ကိတ်မုန့်လုပ် သီချင်းလေးတွေနားထောင် ပန်းပင်လေးတွေပျိုးရင်းနေခဲ့တာ ။ မာမား ရုတ်တရက်ဆုံးပါးတဲ့အခါ ပါပါးရဲ့ ဒေဝါလီခံလုလုအလုပ်တွေအကြောင်းသိရတဲ့အခါ Lin အိမ်တော်က ကမ်းလှမ်းတာကိုလက်ခံလိုက်ရသည်။ သူ့ဦးနှောက်သေးသေးလေးမှာ ပါပါးကို ကူညီဖို့ကလွဲဘာမှမရှိလို့ လက်ခံလိုက်ရပေမဲ့ သိပ်ကြောက်သည်။ ကိုယ့်ကိုမချစ်မကြည်ဖြူသူနားဘယ်လိုနေထိုင်ရမလဲတွေးရင်း မျက်နှာချောချောကိုခိုးကြည့်ခဲ့ရသည်။

တည်ငြိမ်အေးဆေးတဲ့လူကြီးက ကျတော့်ကိုမချစ်ပေမဲ့ သေချာစောင့်ရှောက်ပါ့မယ်ဆိုတဲ့ကတိစကားကိုတော့တည်မယ်ဆိုတာယုံပါတယ်။ ဒါနဲ့ပဲ Lin အိမ်တော်ကို ကျတော်ရောက်လာရတယ်ပေါ့။

လင်ယောကျာ်ရဲ့စကားကို သေချာနားထောင်ရမယ်လို့ အဒေါ်တွေကမှာခဲ့လို့ ဘာမှပြန်မပြောပဲ နားထောင်လိုက်နာဖို့သာတွေးတတ်သည်။ ကျတော် လမ်းတလျောက်တွေးလာတာက ဒီလူကြီးမှာ ချစ်သူရှိနေသလားဆိုနာပဲ။ ချစ်သူရှိနေရက်နဲ့ ကျတော့်ကိုလက်ထပ်ရတာဆိုရင် သူကျတော့်ကိုမုန်းနေမှာပဲ။ ဒါပေမဲ့ အခုထိတော့မုန်းဟန်မပြပါဘူး။

"နိုးပီလား "

ကြည်လင်သြရှတဲ့ အသံကြောင့် Yang Yu Teng တယောက် လူးလဲထဖို့ပြင်ရသည်။

"ကိုယ်လက်သန့်စင်လိုက်"

ရေချိုးလာဟန်ရှိတဲ့သူသည် bathrobe တစ်ထည်ဝတ်လို့။ ခြေသလုံးတဝက်လောက်သာရှိတဲ့ bathrobe ကြောင့်ခြေသလုံးသားဝင်းဝင်းတွေပေါ်လို့ ရင်ဘတ်အကွဲကြောင့် ရင်အုံတွေပါ ထင်းနေသည်။ YU မျက်နှာလွဲချလိုက်ပီး အဖြေပြန်တောင်မပေးပဲ ရေချိုးခန်းဆီသွက်သွက်ဝင်လာတော့သည်။ ရှေ့ဆက် ဒီလိုပုံစံအနေအထား ဒီထက်ဆိုးတာတွေကြုံလာနိုင်ပေမဲ့ ကျတော်အဆင်သင့်မဖြစ်သေး။

******************

"ရော့ ဒါကိုယ့်ဖုန်းNo မင်းကို တရက်နှစ်ခါကိုယ်ဖုန်းဆက်မယ် "

နူးညံ့စွာပျော်ဝင်သောUnde poveștirile trăiesc. Descoperă acum