တပါတ်ဆိုတဲ့အချိန်မှာသူ့ကိုဘယ်လောက်လွမ်းလဲ ကိုယ်တိုင်သာသိသည်။ ဖုန်းဆက်ရင် အနှောက်အယှက်ဖြစ်မှာဆိုးစိတ်နဲ့ ညဘက်စာလေးတကြောင်းနှစ်ကြောင်းပို့ပီး နှုတ်ဆက်ယုံသာလုပ်ဖြစ်သည်။
တပါတ်ပြည့်ရန် တရက်အလို
ကောင်လေးဘက်မှဖုန်းစခေါ်လာသည်။"အကို"
"အွန်း မနက်ဖြန်ပြန်လာတော့မယ်မလား"
"ဟင့် "
ဘာမပြောညာမပြောထငိုတဲ့ကောင်လေးကြောင့်သူလန့်သွားသည်။
"ဘာဖြစ်တာလဲ ဘာဖြစ်လို့လဲ "
"ပါး"
"အန်ကယ်ဘာဖြစ်လို့လဲ "
"ချော်လဲတာ အဲ့ဒါ "
"ဟင် ဘယ်လိုဖြစ်တာလဲ ဘယ်လောက်ထိခိုက်သွားလဲ ကိုယ်လိုက်လာမယ်"
"ပေါင်ရိုးကျိုးသွားတယ် ဒီကဆေးရုံမှာတင်ထားပီ "
"ဟာ ကိုယ်လိုက်လာမယ်နော် ကိုယ်လာမယ်မငိုနဲ့ "
"အွန်း အမြန်လာပါနော် "
ထူပူသွားသောစိတ်ကို ငြိမ်အောင်ပြန်ထားပီး ခွင့်ယူဖို့ပြင်ရတော့သည်။
***************
"ချက်ခြင်းတော့ခွင့်မရနိုင်ဘူးဒေါက်တာ ဒေါက်တာနဲ့ခွဲဖို့ရက်ချိန်းယူထားတာ (6) ယောက်တောင်ရှိတာ "
Lin ZiHong ခေါင်းကိုက်သွားသည်။
"အကုန်လုံးက အကြီးစားခွဲစိတ်မှုတွေဆိုတော့ "
ဟုတ်တယ် ။ သူနဲ့မှခွဲမဲ့ လူနာတွေကိုလည်းငဲ့ညာရမည်။
"ဒေါက်တာ့ ယောက္ခထီးကို ဒီကိုလာခဲ့ဖို့ပြောပါလားဒေါက်တာ "
Lin ZiHong သက်ပြင်းချ၍ ခေါင်းငြိမ့်ယုံသာတတ်နိူင်သည်။
YU ဆီ ဖုန်းပြန်ဆက်တော့ ကောင်လေးကအသံမကောင်း။ သူအားငယ်နေချိန်အနားမရှိပေးနိုင်တာ စိတ်မကောင်းဖြစ်ရသည်။
"ဒီကိုလာခဲ့ပါလားYU "
"တော်ပီ ပါးပင်ပန်လို့ပါ ဒီမှာလည်းအဆင်ပြေနေပါတယ်"
"အွန်း ကိုယ်တကယ် မအားလို့ပါ ခွင့်ယူကြည့်တယ်ဘယ်လိုမှအဆင်မပြေတာကြောင့် "
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။