YU အိမ်ကလူက်ုအပေါ်ဝတ်ကုတ်အကျီထပ်ဝတ်ပေးရင်း တချက်တချက်အကဲခတ်ကြည့်နေသည်။ မေးလိုက်ရင်ကောင်းမလား။ အမ ပြောတာမေးဖို့ သူကြိုးစားနေတာ လေးငါးရက်ရှိပီ။ မေးလည်းမမေးရဲ သိလည်းသိချင်စိတ်ကလွန်ဆွဲနေသည်။
"ကဲသွားမယ် ညနေ ကိုယ်စောစောပြန်လာမယ်နော်အသက် "
ဒီနေ့ကသူတို့မဂ်လာနှစ်ပါတ်လည်နေ့လည်းဖြစ်တာမို့ နှစ်ယောက်သားအတူညစာထွက်စားမည်။
"ကောင်လေး ကိုယ့်ကိုတခုခုပြောချင်နေတာလား"
Lin ZiHong က သူ့ဗိုက်ထဲအူဘယ်နှစ်ခွေရှိလဲဆိုတာကအစ သိရင်သိမှာ အခုလည်းသူဖြစ်နေပုံကြည့်ကာ မေဖျားလေးကိုပင့်နမ်းရင်းမေးသည်။
"မေးစရာတော့ရှိတယ် ဒါပေမဲ့ ညနေမှပါ"
"အင်း မေးစရာရှိတာမေး ကိုယ်အားလုံးဖြေချင်တယ်"
YU ခေါင်းညိမ့်ပီး သူ့လက်မောင်းတဖက်ကိုတွဲ ကားနားထိလိုက်ပို့သည်။ ပီးမှခဏကထိသတိရတဲ့ အမZi ဖို့ကြော်ထားတဲ့အမဲသားပြားတွေနဲ့ အာလူးချောင်းကြော်တွေကိုသတိရသည်။ ကိတ်တွေလည်းဖုတ်ထားပီး သစ်သီးယိုတွေပါပြင်ပေးထါးတဲ့အထုပ်။
"အော်ခဏနေပါအုန်း"
"ဘာလို့လဲ "
"ဒေါက်တာ Zi ကို စားစရာတွေပေးလိုက်အုန်း ကျတော်လုပ်ပေးထါးတာလို့".
Lin ZiHong မျက်နှာရှူံ့မဲ့ကာ"အသက်ရယ်အပင်ပန်းခံပြန်ပီ သူ့မှာ သူ့ကို ညစာလေးကျွေးပါရစေ မနက်စာလေးကျွေးပါရစေလူတွေတပူံကြီး"
.
"သူက ကျတော်ချက်တာကြိုက်တယ်လို့တချိန်လုံးလာပြောနေတာ ""အလကား အာချောင်ယုံသက်သက် ဒင်းကိုမယူံလာတော့ဘူး ကိုယ့်အမျိုးသားကချောချောလေးနဲ့"
"ဟင်မဟုတ်တာ "
"ပြောရလား တကယ့်လူပါးဝတဲ့ ဟာမလေး မယူသွားပေးဘူး"
"ယူသွားပေးလိုက်ပါ ကျတော်ကထည့်ပေးမယ်ပြောထားတယ် "
"တခါပဲနော် YU ရယ် ကိုယ့်ယောကျာ်ကိုသာ အဝကျွေးစမ်းပါ တခြားလူအတွက်မပူနဲ့"
"ကျွေးတာကဲခင်ဗျားကိုလည်း "
"ကိုယ်မဝဘူးလေ "
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။