17🔞

142 11 16
                                    

"ချာတိတ် ကိုယ်ပြောတာကြားရဲ့လား "

"ဟင် အွန်း ကြားပါတယ်"

တကယ်တော့ YU မကြားတချက်ကြားတချက်ပါပဲ။ ပါးအခြေအနေမေးရင်း မအားလို့မလာနိုင်ဘူးဆိုတဲ့ သက်ဆိုင်သူတယောက် တခြားမိန်းကလေးနဲ့အတူရှိနေတာပဲ မြင်ယောင်မိတော့ ရင်ထဲစို့နှစ်။

"ဒါဆို လေယာဥ်လက်မှတ်စီစဥ် လိုက်မယ်ဒီပြောင်းလာရအောင်"

YU သွားသင့်ရဲ့လား စဥ်းစားနေမိသည်။ မတွေ့ချင်တဲ့ပုံရိပ်တွေမြင်ရမှာကြောက်သည်။ Lin ZiHong ရဲ့ ဘာမှမဖြစ်သလိုဟန်ဆောင်နေရမဲ့ မျက်နှာကိုမမြင်ချင်။ မွန်းကျပ်သည်။ ဘာလုပ်သင့်သလဲ။ ယောက္ခထီးကလည်း ဟိုဘက်ပြန်ပီး ဆေးရုံပြောင်းထားဖို့ ဖုန်းဆက်နေတာအကြိမ်ကြိမ်။ ပါးသဘောဆန္ဒကလည်း တဖက်မှာပိုပိုသာသာရယ်။

မနေ့ကလည်း အန်တီ့ကိုဖုန်းဆက်မေးတော့ ဆေးရုံအစောကြီးသွားလိုက်ပီတဲ့လေ။ သူ့အနေနဲ့ ဒီသို့လောသို့လော အိမ်ထောင်ရေးကိုရှေ့ဆက်သင့်မသင့်ဉာဏ်မှီသလောက်စဥ်းစားနေမိသည်။ ပွင့်ပွင့်လင်းလင်းမေးသင့်ပါရဲ့လား မေးလိုက်လို့ ဟုတ်တယ်ဆို သူရင်ကွဲရပါလိမမ့်မည်။ မဟုတ်ဘူးဖြေပီး အပြင်မှာ သူမသိပဲတွေ့လို့နေလေမလားဆိုတဲ့သံသယနဲ့ရှင်သန့်ဖို့လည်းမဝံ့ရဲ။

"ဘာတွေတွေးနေတာလဲသား "

"အင်း ဘာမှမဟုတ်ပါဘူးပါးရယ် မနက်ဖြန် ကျတော်တို့ အကိုတို့ဆေးရုံရွေ့ရမယ် "

"အင်း သားနဲ့ သားမက်ကိုဒုက္ခပေးမိတာပဲ ဒါပေမဲ့ သားတို့လည်းကြာကြာခွဲမနေရအောင် ပိုပီး မြန်မြန်သက်သာအောင် သားတို့ဝန်မပိအောင် ပါးပြောင်းချင်တယ်"

"အွန်းပါ အကိုကလည်းခေါ်ခိုင်းနေတာကို ပြောင်းကြမယ်နော်"+

ပါးကျန်းမာရေးသည်သာပထမမို့ ကြုံလာသမျှရင်ဆိုင်ရန်သာဆုံးဖြတ်ရသည်။

*******************

တနေကုန် ဆေးရုံအပြောင်းအရွေ့နဲ့ ခွဲစိတ်စတီးရိုးထည့်ဖို့ လုံးပန်းနေရသည်နှင့် အချိန်တွေတောင် YU မကြည့်မိ။

VIP အခနိးထဲဝင်လာတဲ့ ဂျူတီကုတ်ဝတ် Lin ZiHong ကိုမြင်တော့ ရင်ထဲလွမ်းရခြငိးတွေပျို့တက်လာသည်။ ဒီလူကိုသူသိပ်ချစ်တာ။

နူးညံ့စွာပျော်ဝင်သောWhere stories live. Discover now