"အတန်းပီးရင်ဖုန်းဆက်ပါ ကိုယ်မအားရင်တောင်တယောက်ယောက်ကိုင်လိမ့်မယ်"
"ဟုတ်ကဲ့ "
"အင်း ကိုယ်ခွဲခန်းဝင်နေရရင် ကိုယ့်သူငယ်ချင်းထဲကတယောက်ယောက်ကြိုမယ် ကိုယ်ပြထားတဲ့သူတွေမှတ်မိတယ်မလား သူတို့ကလွဲရင်မလိုက်ရဘူး"
"ဟုတ်ကဲ့ "
"ဟုတ်ပီ အဆင်ပြေသွားမှာပါ "
ကားတံခါး ဖွငိ့ဆင်းခါနီးမှကောင်လေးက ရပ်သွားပီသူ့ဘက်လှည့်ကြည့်သည်။
"အကို "
"ဟင် "
ယောင်ယမ်းထူးမိတာပါ ။ အိမ်ရောက်တဲ့တပါတ်လုံးသူ့ကိုဘယ်လိုမှမခေါ်တဲ့ ကောင်လေးက အကိုခေါ်တာမို့။
"ကျတော် တက်စီနဲ့ပဲပြန်ပါ့မယ် "
"မရဘူး မင်းကိုရင်အုပ်မကွာစောင့်ရှောက်ပါ့မယ်လို့ မင်းမိဘတွေကို ကိုယ့်မိဘတွေကို ကတိပေးထါးတယ် "
YU ငြိုးငယ်စွာကားပေါ်ကဆင်းလိုက်သည်။ ကတိတွေကြောင့်သာ။ သိမ်ငယ်ချင်စိတ်ကို ဖျောက်ပစ်ချင်ပေမဲ့ ပို၍တိုးလာရတာမျိုး။ အကိုက သူ့ကို ကတိတွေကြောင့်သာဂရုစိုက်ပေးတါ။
*********************
ပထမရက်မှာကတည်းက သူ့ဘေးမှာထိုင်တဲ့ Evan ဆိုတဲ့ကောင်လေးနဲ့ ခင်မင်လာခဲ့ရပီ။ စိတ်ရင်းကောင်းတဲ့ ကောင်လေးက သူ့ကို ခင်ရှာသည်။စပ်စုတာမျိုးလည်းမရှိတော့တော်သေးသည်။ တခုခုမေးလာရင်သူဖြေတတ်မှာမဟုတ်။ ဥပမာ ဘယ်ကလဲ အဆောင်နေသလား ဆိုတာမျိုး။
"ပြန်တော့မယ်နော် "
သူကစ နှုတ်ဆက်ပီး YU ကော်ရစ်တာတလျောက်လျောက်လာခဲ့သည်။ ဖုန်းလည်းခေါ်ရသည်။
"အင်း အတန်းပီးပီလား "
"ဟုတ် "
"ကျောင်းရှေ့ထွက်ခဲ့ "
"ဗျာ "
"ကိုယ်ရောက်နေပီ "
သူ ကြိုရောက်နေခဲ့ပါသည်။ ပထမဆုံးအတန်းတက်ရတဲ့ ကောင်လေး ခက်ခဲမှာစိုးလို့ သူ့ဂျူတီကို ဒေါက်တာ Ray ကိုလွဲပီး စောထွက်လာခဲ့သည်။
သိပ်မစောင့်လိုက်ရအပြေးတပိုင်းရောက်လာတဲ့ကောင်လေး။ ဆံပင်အုပ်အုပ်လေးတွေ လှုပ်ခါတဲ့အထိ ပြေးလာတာမို့။
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။