ကော်ရစ်တာမှာမျက်နှာချင်းဆိုင်တွေ့တဲ့ချစ်သူဟောင်းကိုရှောင်ဖို့ Lin ZiHong ပြန်လှည့်ရန်ပြင်လိုက်သည်။ သူတို့လမ်းခွဲပီးပေမဲ့ အလုပ်တစ်ခုထဲအတူရှိနေရတာ တကယ့်ကိုခက်ခဲလွန်းလှတယ်။ ထက်မြက်တဲ့ ခေါင်းမာတဲ့ Zi ကို သူတကယ်မနိုင်ဘူး။ တော်သေးတာက ဌာနချင်းမတူလို့။ ဒါပေမဲ့ ဆေးရုံက ပါမောက္ခ တွေကစ အထွေထွေလုပ်သားအဆုံး သူတို့တွဲခဲ့တာသိသူတွေကြီးပဲ။
ဒေါက်တာ Ray ကပါ သူပြန်ကွေ့တော့လိုက်ကွေ့ရမလို။
"ZiHong "
လှမ်းခေါ်သံရယ် ဒေါက်ဖိနပ်သံရယ်ကြောင့် သူ့မှာကျောခိုင်းလျက် ထပ်မသွားဖြစ်။
"နင် ငါ့ကို တကူးတကရှောင်နေစရာလိုသေးတာလား "
"-------"
"အဆင်တကယ်ပြေအောင်နေပါ အနဲဆုံးတော့ ငါဒီလိုရှိုးတိုးရှန့်တန့်တွေ ထပ်မမြင်ပါရစေနဲ့ "
ပြောပီးတာနဲ့ကျော်တက်သွားတဲ့ Zi သည် ကျော့ရှင်းစွာ ။ ဘေးက ဒေါက်တာRay က သက်ပြင်းဖွဖွချပီး
"သူကအဆင်ပြေနေပါတယ် မင်းသာ"
"ကျတော်မပြေနိုင်သေးဘူး အခုထိ ခံစားနေရတုန်း "
"ဘာတတ်နိုင်မှာလည်း မင်းဘဝနဲ့မင်းဖြစ်နေပီ သူလည်းသူ့လမ်းသူဆက်လျောက်သွားပီ အခုမင်းကိုကျော်တက်သွားသလ်ုပေါ့ မင်းသာလှည့်ကြည့်နေတာ လက်ရှိဘဝကိုပဲအကောင်းဆုံးကျော်ဖြတ်ဖို့စဥ်းစားပါ "
သူခေါင်းရောငြိမ့်မိရဲ့လား။
*************************
"Yang Yu Teng ကိုထမင်းစားဖို့သွားခေါ်လိုက်ပါ အော် နေတော့ ရပီ"
အခုတလော အကောင်ငယ်လေးက ဆိတ်ငြိမ်လွန်းသည်။ ကျောင်းသွားကျောင်းပြန်ဘာမှ စောရကမတက် ။ စားဆိုတာစားသည် သွားဆိုရင်သွားသည်။ ဒါကိုက ပုံမှန်မဟုတ်နေဘူးလို့ခံစားနေရတာကသူ။
သူကိုယ်တိုင်ခေါ်ဖို့ တံခါးခေါက်ပီး ဝင်လိုက်တော့ စာကြည့်စားပွဲထိုင်နေသည့်ကောင်လေးကိုတွေ့ရသည်။
"Yang Yu Teng ခဏနား ထမင်းစားရမယ် "
လှည့်ကြည့်လာပီး ခေါင်းညိမ့်သည်။
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။