ကစားကွင်းပေမဲ့ လူကြီးတွေလည်းအများကြီးလာပါတယ်လို့ အတွန့်တက်တဲ့ကလေးငယ်ကြောင့်သူ့မှာ ကစားကွင်းထဲပါတ်လိုက်ရတော့သည်။ မငြိုငြင်မိပါ။ ပြုံးရီနေတာကြည့်ပီး စိတ်ချမ်းသာရပါသည်။ တခါမှ လန်းလန်းဆန်းဆန်းရီတာမမြင်ဖူးလို့သူ့အတွက်အထူးတဆန်းပါပဲ။ ရိုလာကိုစတာစီးနိုင်တဲ့ကောင်လေးက သူနဲနဲအော်မိရင်တောင်တုန်တက်အောင်ကြောက်ပီး မျက်ရည်ချက်ခြင်းလည်လာတာတော့ အံအော်မိပါသည်။
အတော်စုံအောင်ဆော့ကစားပီး ဗိုက်ဆာလောက်ပီဆိုတော့ တစ်ခုခုကျွေးဖို့ ဆိုင်ကောင်းကောင်းတခုဆီခေါ်လာဖြစ်သည်။
"ဘာစားချင်လဲ "
မီနူးကိုရှေ့အရင်တိုးပေးတော့ ခေါင်းရမ်းသည် ။ ပီးတော့တိုးတိုးပြောသည်
"ဒီလိုဆိုင်တွေ ကျတော်မလာဖူးလို့ဘာမှာရမယ်မသိဘူး "
"ဟော်ဗျာ မီနူးဖတ်ပီးမှာလိုက်ယုံလေ နေနေ ကိုယ်မှာပေးမယ် အမဲသားစတိတ်စ် စားမလား နူးနူးအိအိလေး စပါကတီလည်းကောင်းတယ် "
ခေါင်းညိမ့်သည်။ မှာစရာရှိတာမှာပေးတော့ ဟိုဟိုဒီဒီငေးကြည့်သည်။
"စျေးများမှာပဲ "
"ကိုယ့်ကသူဌေးမဟုတ်ပေမဲ့ မင်းတယောက်ကိုတော့ လုံလုံလောက်လောက်ကျွေးနိုင်ပါတယ် စိတ်မပူနဲ့ "
ဒီလိုကျတော့လည်း သွားဖုံးလေးတွေပေါ်တဲ့အထိရီပြသည် ။ မျက်လုံးလေးတွေပါမှေးမှိတ်လို့ မျက်နှာလေးရှေ့တိုး တဟီးဟီးရီနေသည်က လုံးဝဖြူစင်သောလေးပဲ။ သူပြုံးကြည့်မိသည်။
ဟင်းပွဲတွေရောက်လာတော့ အသားလှီးပီး ပန်းကန်ချင်းလဲလိုက်တာကိုအံအော်တကြီးကြည့်ပြန်သည်။
"စား "
မေးငေါ့ပြတော့ သေသေချာချာအရသာခံစားသည်။ ကောင်လေးကအစားအသောက်တွေကို သေချာအရသာခံစားတတ်တာသူသတိထားမိသည်။
"ကောင်းလား "
ပြန်မဖြေခေါင်းသာငြိမ့်ပီး တဖတ်ပီးတဖတ်စားသည်။
"ဖြေးဖြေးစား ရေသောက်အုံး"
ရေခွက်လေးရှေ့တိုးပေးနေတုန်း
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။