နေခြည်နွေးနွေးနဲ့နိုးလာတဲ့မနက်ခင်းသည်ကြည်လင်နေသည်။ နေ့ရက်တွေကုန်တာမြန်လွန်းတယ်ပြောရမယ် YU သူ့ဆီရောက်တာ 4 လရှိခဲ့ပီ။ လိမ္မာသော ကောင်လေးသည် တခါတရံ ဂျစ်တိုက်ချင်သည်ကလွဲ အသားကျစွာ သူ့အိမ်သူယာလိုတော့ဖြစ်လာပီ။
ထမင်းစားခန်းဝင်တော့သူ့ထက်အရင် ရောက်နေတဲ့ကောင်လေးက ဟင်းချက်နေသည်။ ဝါသနာပါတာလေးတွေသိလာရပီ။ ထို့ကြောင့်မတားဖြစ်တော့ ပြုံးနေရင်ပဲ ဝမ်းသာရသည်မို့။
ထမင်းစားပွဲထိုင်သည်နှင့် ဟင်းချိုပူပူတခွက်လာချပေးသည်။
"မင်းရော "
"ကျတော်မဆာသေးဘူး "
ပြန်လှည့်သွားတော့မဲ့ကောင်လေးလက်ကိုဆွဲပီး
"ကိုယ့်ကိုလာစားကူ "
အတင်းထိုင်ခိုင်းတော့ အေပရွန်ဝတ်လျက်နဲ့ပဲ ဘေးနားဝင်ထိုင်သည်။ ကိုယ်တိုင်ထမင်းခူးထည့် အသားဖတ်လေးတွေရွေးထည့်ပေးတော့လည်း အားရပါးရစားသည်။ သိတာပေါ့ ကောင်လေးက ဗိုက်မဆာသေးတာမဟုတ်ဘူး သူ့ကိုရှောင်တယ်ဆိုတာ။ အမြဲ သူ့ကိုရှောင်တဲ့ ကောင်လေး အမြဲ သူနားမနေဖြစ်အောင်နေတဲ့ကောင်လေး။အားရပါးရစားသည်မို့ငေးကြည့်မိသည်အထိ။ နဖူးပေါ်က ချွေးစလေးတွေပါ လက်ဖဝါးနဲ့သုပ်ပေးမိသည်။
"ဖြေးဖြေးစား "
ရေတခွက်ငဲ့ပေးတော့လည်း ယူသောက်သည်။
ချစ်စရာကောင်းသည် ။ အပစ်ကင်းသည်။ ထို့ကြောင့်အသနားလည်းပိုသည်။ သူ့ကိုမချွဲရဲတဲ့ကောင်လေး သူ့ကိုဂျစ်တိုက်ယုံအပြင် စိတ်မကောက်ရဲတဲ့ကောင်လေး ငိုလွယ်ရီလွယ်သောကောင်လေးသည် သူ့စိတ်ထဲဖြေးဖြေးချင်းနေရာယူစပြုလာသည်။
"YU"
"ဗျာ "
"ကားမောင်းသင်မလား ကိုယ်ကားဝယ်ပေးမယ် "
ခေါင်းရမ်းသည်။
"ဟင့်အင့် "
"ဘာလို့လဲ ကျောင်းပြန်ဖွင့်ရင် မင်းဘာသာကျောင်းသွားနိုင်ပီလေ တခြားမင်းသွားချင်နေရာလေးတွေလည်းသွားလို့ရပီ"
သူ့ကိုစိုက်ကြည့်တဲ့ကောင်လေးသည် ဘာတွေးလိုက်သည်မသိ။
"အကို့ သဘောပါ "
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။