အိပ်ပုတ်လေးက တကယ်ဘာမှမသိတာလား သိရဲ့နဲ့မသိချင်ယောင်ဆောင်တာလား စဥ်းစားစရာမလိုအောင် နိုးထလာသည်။ အရိပ်တကြည့်ကြည့်လုပ်နေခြင်းအပေါ် ဘာမှသိဟန်မတူ။ ပြည့်ဖောင်းမို့အစ်နေတဲ့ မျက်ခွံလေးတွေကြောင့် အိပ်ရေးဝတယ်ဆိုတာသိသာတယ်။ မအိပ်နိုင်ကသူ။
ကလေးပဲရှိတယ်တယ်ဆိုပီး အူယားနေမိတာလည်းသူ။ ကလေးမို့ ပညာရေးကလွဲတခြားစိတ်မဝင်စားနဲ့ပြောမိတာလည်းသူ။ ဒီတော့မရှုနိုင်မကယ်နိူင်ဖြစ်ရတာလဲသူ။ ကောင်းလေစွဟုသာတွေးမိတော့သည်။
မနက်စာတအိအိစားအရသာခံစားတာကစလို့ ဘောင်းဘီတိုလေးနဲ့ ရေစိမ်နေတာကအစ ချစ်ဖို့ကောင်းလွန်းလို့ ဒီအတိုင်းထိုင်ကြည့်နေမိသည်။ ပေါက်စလေးကတော့ ပျော်လွန်းလို့ဘာမှမသိ။ နေ့တဝက်ထိ ရေစိမ် အကြောပြေအောင်အနှိပ်ခံ ဇိမ်ကောင်းကောင်းယူပီး ပြန်လာကြသည်။ အပြန်ကိုကားမောင်းရသူက Lin ZiHong ။ ကောင်ကလေးက ဗိုက်ကားအညောင်းပြေပီး အိပ်လို့လိုက်လာသည်။
********************************
"တပြုံးပြုံးနဲ့ပါလား "
"အော် ဒေါက်တာ "
"အခုတလော ခင်ဗျားကိုကြည့်ရတာစိတ်ချမ်းသာနေပုံပဲ "
"အဟင်း ဟုတ်တယ်ဆိုပါတော့"
ဖုန်းစခရင်ပေါ်က ဆူပုတ်ပုတ်ကောင်လေးပုံကိုကြည့်ပီး ဒေါက်တာ Ray ပြုံးသည်။ အိမ်ထောင်ရေးအဆင်ပြေလာတဲ့ မိတ်ဆွေကိုဒီလိုမြင်ရတာ စိတ်ချမ်းသာမိပါတယ်။
"ကောင်လေးက တကယ်ချစ်စရာလေး "
"အင်းဟုတ်တယ် ချစ်ဖို့ကောင်းတယ်"
"ဒီလိုပဲ တကယ်မြင်ချင်တာ "
"ကျတော်လည်းကြိုးစားနေပါတယ် "
"အကူညီလိုရင်ပြောနော်"
ပြုံးစိစိပြောတဲ့ ဒေါက်တာ Ray သည်လည်း သူ့ထက်ခြောက်နှစ်ငယ်တဲ့ကောင်လေးနဲ့လက်ထပ်ထားသူ။ ဆိုတော့
"ခဏ ခဏလေး ဒေါက်တာ ကျတော်မေးချင်တာရှိလို့ "
လှည့်ထွက်ခါနီး ဒေါက်တာ့ကိုပြန်ခေါ်ပီး တကယ့်မေးရမဲ့စကားလည်းထွက်မလာ ။ ဂုတ်ကပွတ်သပ်ရင်းသာ ရှက်ရှက်နဲ့ရီနေမိသည်။
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။