ကားမောင်းနေရင်း Lin ZiHong YU ဘက်လှည့်လှည့်ကြည့်ဖြစ်သည်။ ကောင်လေးကတော့ကားမှန်ကတဆင့် အပြင်ကိုငေးကြည့်နေသည်။ စိတ်ကောက်နေမှန်းသိသည်။ ချော့ရတော့မယ်ဆိုတာလည်းသိသည်။
""ညစာ အပြင်မှာစားမလား အသက်"
YU ခေါင်းရမ်းသည်
"နားချင်ပီ"
"အွန်း မင်းပင်ပန်းထားတာပဲစောစောအိပ်လိုက်နော် "
တကယ်တော့ မနက်ဖြန်ခွဲစိတ်မဲ့အဖေကို ဆေးရုံမှာထားပီး အိမ်ပြန်အိပ်တယ်ဆိုတာ ပကတိYU တော့ဟုတ်မနေဘူး။ YU သည် ဒီလိုနေမဲ့သူမဟုတ်။ အခု စိတ် သို့မဟုတ် လူပင်ပန်းလွန်းလို့ဆိုတာသူနားလည်သည်။
အိမ်ရောက်တော့ အပေါ်ထပ်တန်းတက်သွားသူနောက်သူမလိုက်နိုင်သေး ။ မီးဖိုခန်းဝင်ပီး ခေါက်ဆွဲပူပူလေးပြုပ်ပေးဖို့ရယ် နွားနို့လေး ပြန်နွေးပေးဖို့ရယ်ကိုယ်တိုင်မီးဖိုခန်းခဏဝင်လိုက်ရသေးသည်။
စားစရာရယ်ဆေးရယ် ယူပီး သူအခန်းထဲဝင်တော့ YU သည်ရေချိုးပီးခါစ ။ အောက်ပိုင်းသဘက်တစ်ထည်ပါတ်ထားလို့ အပေါ်ပိုင်း ကျောနဲ့ ရင်ဘတ်တွေမှာ သူ့ကြောင့်ထင်နေတဲ့ အနီကွက်လေးတွေထင်ထင်ရှားရှားရှိနေဆဲ။
ညဝတ်တစ်စုံယူဝတ်ပီးချိန်
"YU ဒါလေး စားလေးအုန်း ကိုယ်ခွံမယ်"
YU သူ့ကို မျက်လုံးလှန်ကြည့်သည်။
"တော်ပီ"
"စားရမယ် မစားလို့မရဘူး နေမကောင်းဖြစ်လိမ့်မယ်"
"အဟက် သိပ်....ဂရုစိုက်တတ်တာပဲနော်"
"YU ဘာဖြစ်နေတာလဲ ဘာစိတ်ကောက်တာလဲ ကိုယ်မင်းကိုထမင်းစားလာမခေါ်ဖြစ်တာ လူကြီးတွေနဲ့စားလိုက်ရလို့လေ "
ချော့မယ်ဆိုပေမဲ့ Lin ZiHong အော်မိသွားသည်။ တကယ်ကို အိပဲ့ပဲ့နဲ့စိတ်ကောက်တတ်သူလေးကို နာနာရိုက်လိုက်ချင်သည်။ သူအော်လိုက်တော့ တုန်တက်သွားသူလေးသည် ချက်ခြင်းမျက်ရည်တွေဝဲလို့လာသည်။ တချိန်ထဲမှာပဲ အိပ်ယာပေါ်တက်စောင်ထဲခေါင်ဝင်ကာ နေတော့သည်။ တအီအီထွက်လာတဲ့အသံသေးသေးလေးမှာ ကျဆုံးရပြန်သည်။ တကယ်ကို စိတ်ဆိုးလို့မရနိုင်ဘူးပဲ။
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။