ဖြူဥသွယ်လျတဲ့လက်ချောင်းရှည်လေးတွေဟာ နုဖတ်ပီးဖောင်းဖောင်းလေးလည်းဖြစ်တယ် ။ ကြည်ဥနေတဲ့လက်သည်းလေးတွေကအစလှတဲ့ ကောင်လေးပိုင်ဆိုင်ခွင့်ရတဲ့သူ့ကံကြမ္မာကိုလည်းကျေးဇူးတင်ပါတယ်။ အသည်းတွေကွဲပီး ရုတ်တရက်လက်ထပ်လိုက်ရတဲ့အိမ်ထောင်ရေးဟာ
သူထင်တာထက်ပိုလို့ပျော်ရွင်နွေးထွေးခဲ့ရတာ ကောင်လေးရဲ့ချစ်စရာအပြုအမူလေးတွေကြောင့်။သူတစိမ့်စိမ့်ငေးကြည့်တဲ့အခါရှက်သွေးဝင်တဲ့မျက်နှာလေးနဲ့မော့ကြည့်သည်။
"ရှက်လာပီ"
မျက်လွာချရင်းပြောသွားတဲ့ တိုးညင်းညင်းအသံလေးကပဲ သူ့ကိုအူမြူးစေပြန်တာ။ တနေကုန် Date လုပ်ပီး မပြန်ကြသေးပဲ မြစ်ကမ်းဘေးခုံတန်းလေးမှာထိုင်ဖြစ်နေကြသေးသည်။ ညလေ တဖြူးဖြူးကကျီစယ်လို့လွငိ့သွားတဲ့ဆံစလေးတွေကိုသပ်တင်ပေးပီး
"မင်းသိပ်ချစ်ဖို့ကောငိးတာပဲ "
YU သူ့စကားကိုသဘောကျကြောင်း ရီသံလွင်လွင်လေးကနေသိနိုင်သည်။
"ပြန်ရအောင် "
"အင်းပြန်ကြမယ် "
တယောက်လက်တယောက်ဆွဲလို့ ကားရှိရာပြန်လာတော့ ဘေးဘီကလူတွေကအားကျသလိုကြည့်သွားကြသည်။ ဒါကြောငိ့လည်း Lin ZiHong တယောက် အလှလေးလက်ကိုကျစ်နေအောင်ဆွဲပီး ဒါလေးက ငါ့အပိုင်ရယ်လို့မဏ္ဍပ်တိုင်သေသေချာချာကိုတက်ပစ်လိုက်သည်။
************************
ဆေးအဖြေအားလုံးကောင်းတဲ့အတွက် YU ပါပါး ပြန်တော့မည်။ အနားကပ်ချွဲနေတဲ့ကောင်လေးကနှုတ်ခမ်းလေးဆူရင်း သူ့ပါပါးလက်ကိုတွဲခိုထားသည်။
"လိုက်ချင်တာ "
ဒီစကားက 35 ခါလောက်ရှိပီထင်ပါရဲ့။ ပါပါးက ပြုံး၍ YU လက်ကလေးတွေကိုပုတ်ကာခေါင်းခါသည်။ ပို၍ဆူသွားသောနှုတ်ခမ်းလေးကို ကြည့်ပီး Lin ZiHong ဆွဲနမ်းပစ်ချင်သည်။
"အလုပ်ပိတ်တုန်းလေးကို "
"နှစ်သစ်ကူးပိတ်ရက်ကလေး သား က Lin ZiHong နားနေပေးမှပေါ့သားရယ် မဆိုးပါနဲ့ "
Lin ZiHong ကိုပြန်ကြည့်တဲ့မျက်နှာငယ်လေးကြောင့်
"လိုက်ချင်လိုက်သွားလေ တပါတ်ပိတ်တယ်မလား"
YOU ARE READING
နူးညံ့စွာပျော်ဝင်သော
Fanfictionချစ်မိမှန်းမသိချစ်မိပါတယ်။ မင်းကိုတော့နူးနူးညံ့ညံ့ပျော်ဝင်မိလေရဲ့။