🖤 15 🖤

6.3K 521 28
                                    

[Unicode]

ဂျွန်ဂု ကင်မ်ထယ်ဟွန်း ကို အိပ်ရာ ပေါ် တင်ပေးပြီးတော့ ကုတင်ပေါ် ဘေးတစောင်း ထိုင်ပြီး တစိမ့်စိမ့် ကြည့်နေမိတယ်။ ကင်မ်ထယ်ဟွန်း ရဲ့ မျက်နှာ အစိတ်အပိုင်း တခုချင်းစီ ကို လက် နဲ့ ခပ်ဖွဖွ ထိတွေ့နေမိတယ် ။ နီရဲနေတဲ့ နှုတ်ခမ်း ဆီ အရောက် မှာ ဂျွန်ဂု ရေ ငတ်ချင်သလိုလို ဖြစ်လာတယ် ။  နှုတ်ခမ်းသားတွေ ကို လက်ညှိုး နဲ့ ထိတွေ့ကြည့်မိတော့ ဓာတ်လိုက်သလိုမျိုး ခံစားရတယ် ။ ဂျွန်ဂု လက်ကို ပြန်ရုပ်ပြီး ကင်မ်ထယ်ဟွန်း ကို မျက်နှာလွှဲလိုက်တယ် ။ ဒါပေမဲ့ နှုတ်ခမ်းသား ကို ထပ်ထိတွေ့ချင်နေတယ် ။

လက်နဲ့ ထိတာတောင် နူးညံ့လိုက်တာ ။ နှုတ်ခမ်း နဲ့များ ထိခွင့် ရရင်.....အတွေးနဲ့တင် ဂျွန်ဂု ရင်တွေ တဒိန်းဒိန်း ခုန်လာတယ် ။ ကင်မ်ထယ်ဟွန်း က အခု မူးပြီး အိပ်ပျော်နေတာပဲ ။ နမ်း လည်း မသိလောက်ဖူးမလား ။ နမ်းနေရင်း နိုးလာရင် ရော ။ နိုးလာလည်း ၂ ချက်လောက်ပဲ အထိုးခံရလောက်တယ်မလား ။ ဘာပဲဖြစ်ဖြစ် ဂျွန်ဂု မနမ်းလည်း အထိုးခံ ရ နိုင်တာပဲကိုး ။ မသိတော့ဘူး နမ်းချင်လာပြီ ။ အထိုးခံရမယ့် အတူတူ နမ်း လိုက်တော့မယ် ။

ဂျွန်ဂု အတွေးထက် အလုပ် က မြန်တယ် ။ ချက်ချင်း ကင်မ်ထယ်ဟွန်း ဘက် ပြန်လှည့်ကာ ငုံ့ပြီး နှုတ်ခမ်းချင်း ထိကပ်ပစ်လိုက်တယ် ။ အားးး နူးညံ့လိုက်တာ အိစက်စက်ကလေး ။ ရူးတော့မှာပဲ ။ ဂျွန်ဂု ထိကပ်ရုံ နဲ့ အား မရတော့တာမို့ ကင်မ်ထယ်ဟွန်း ရဲ့ နှုတ်ခမ်း နှစ်လွှာ ကို စုပ်ယူနမ်းရှိုက်လိုက်တယ် ။ အပေါ်အောက် တလှည့်စီ စုပ်ယူနေမိတယ် ။ လက်နှစ်ဖက်လုံး က ကင်မ်ထယ်ဟွန်း ရဲ့ ခေါင်း ကို အုပ်ကိုင်ထားပြီး အပီအပြင် နမ်းနေမိတယ် ။ ဂျွန်ဂု ဘဝ မှာ အကြိမ်ပေါင်းများစွာ နမ်းခဲ့ဖူးပေမယ့် အခုတခါက အကောင်းဆုံး ပဲ ။ ဖြစ်နိုင်ရင် တသက်လုံး နမ်းနေလိုက်ချင်တော့တယ် ။

ကင်မ်ထယ်ဟွန်း အိပ်မက်ဆိုး မက်နေတယ် ။ အိပ်မက်ထဲ မှာ ကင်မ်ထယ်ဟွန်း နှုတ်ခမ်း ကို ဘီလူးကြီး တကောင် က စားဖို့ ကြိုးစားနေတာ ။ အနောက်ကလိုက်နေတဲ့ ဘီလူး လက်က လွတ်အောင် ကင်မ်ထယ်ဟွန်း အားသွန်ခွန်စိုက်ပြေးနေရတယ် ။ ဘယ်တွေ ရောက် လို့ ရောက်မှန်း မသိတော့ဘူး ။ ကင်မ်ထယ်ဟွန်း အရမ်းမောပန်းလာလို့ ခဏ ရပ်ပြီး အမောဖြေချိန် ရှေ့မှာ ဘွားကနဲ ပေါ်လာတဲ့ ဘီလူးကြီး ။

🖤 FEROCIOUS TWINS 🖤 Completed Where stories live. Discover now