[Unicode]
"အား ဇက်ကြောတက်လိုက်တာကွာ"
"အချစ် မောင် နှိပ်ပေးမယ်လေ အလုပ်တွေ တအား မလုပ်ပါနဲ့ကွာ အချစ် ပင်ပန်းနေတာကို ဘာမှ မလုပ်ပေးနိုင်ဘဲ ထိုင်ကြည့်နေရတာ မောင် အဆင်မပြေပါဘူး"
"အမတ် တယောက် နေရာယူထားတာ ဒီလောက်တော့ လုပ်ရမှာပေါ့ မောင် ရာ နောက် ၄ နှစ်ကြာရင် ငါ ဝန်ကြီးချုပ် နေရာအတွက်လည်း ရွေးကောက်ပွဲ ဝင်ပြိုင်ရဦးမှာ သိတယ်မလား"
"ပြိုင်ဦးမှာလား ဘာလုပ်ဖို့လဲ အခုတောင် အချစ် ပင်ပန်းနေရတာကို ဝန်ကြီးချုပ် လုပ်မနေနဲ့ကွာ"
"မောင် ငါ့မှာ အာဏာ လိုတယ် ဆိုတာသိရဲ့သားနဲ့ ယောင်း အတွက် ငါ့တူလေးတွေ အတွက် ကိုးရီးယား လူမျိုးတွေ အကြောင်း မင်း သိရဲ့နဲ့"
"ဟင်း ဟုတ်ပါပြီကွာ အချစ် ဘာပဲလုပ်လုပ် မောင် က ဘေးနားမှာ အမြဲရှိနေမှာ သက်သေပြရမလား"
"သက်သေတော့ ထပ်မပြနဲ့တော့နော် မောင် အခုတောင် ငါ့ကို ကော်လို လိုက်ကပ်နေတာ မောင် က"
"ဟား ဟား ဟား ဟုတ်ပါပြီ အချစ် ရယ်"
ဂျွန်ဂု အဖေလေး ကို ဇက်ကြောဆွဲပေးနေရင်း အော်ရယ်မိတယ် ။ အဖေလေး ပြောတာလည်း မလွန်ပေမယ့် ဂျွန်ဂု ကမှ မမြင်ရရင် မနေနိုင်တာကိုး ။ အခုဆို ဂျွန်ဂု က အဖေလေး ရဲ့ PA လုပ်နေတယ် ။ အစပိုင်း က ခက်ခဲပေမယ့် ကြိုးစားသင်ယူရင်း အဆင်ပြေလာတယ် ပြောရမယ် ။ PA ဆိုတာကလည်း ပြောရရင် တောက်တိုမယ်ရ လိုပါပဲ ။ ဒါပေမဲ့ ဂျွန်ဂု အတွက် ကိစ္စမရှိပါဘူး အဖေလေး ဘယ်သွားသွားလိုက်လို့ရတဲ့ အလုပ်မျိုးပဲ လုပ်ချင်တာကိုး ။
ဂျွန်ဂု မျက်စိရှေ့မှောက်မှာ ရှိနေတော့ စိတ်ပင်ပန်းတာ မြင်ရင် နှစ်သိမ့်လို့ရပြီး နေမကောင်းဖြစ်ရင်လည်း ဂရုစိုက် စောင့်ရှောက်ပေးလို့ရတယ် ။ အဖေလေး က သူ့အစ်ကို နဲ့ တူလေးတွေကို ကာကွယ်စောင့်ရှောက်ချင်သလို ဂျွန်ဂု ကလည်း အဖေလေး ကို ကာကွယ် စောင့်ရှောက်ချင်တယ် ။ အရမ်းပင်ပန်းနေတာမြင်ရရင် ဂျွန်ဂု ရင်ခွင်ထဲ ထွေးပွေ့ပြီး နှစ်သိမ့်ယုယပေးချင်တယ် ။ အဖေလေး ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဂျွန်ဂု လည်း မျှထမ်းပေးချင်တယ် ။ ဒီလိုပြောရင် ဂျွန်ဂျောင်ကု က ရယ်ချင်ရယ်မှာ ။ မင်း ဂျွန်အိမ် က အလုပ်ကိုပဲ ပြန်လာလုပ်ပါဦး လို့ ပြောချင်ပြောဦးမှာ ။ ဒါပေမဲ့ ဂျွန်အိမ် က ဝန် ကိုတော့ ဂျွန်ဂျောင်ကု က ထမ်းပေါ့ ။ ဂျွန်ဂု ကတော့ ကင်မ်ထယ်ဟွန်း ရဲ့ ဝန် ကိုပဲ ကူထမ်းပေးချင်တာပါ ။
KAMU SEDANG MEMBACA
🖤 FEROCIOUS TWINS 🖤 Completed
Fiksi PenggemarJeon Jung Kook x Kim Tae Hyung Jeon Guk x Kim Tae Hoon Taekook Fanfiction Warning -M pregnant Started Date...15.2.2022...Tuesday Completed Date....30.5.2022...Monday