🖤 23 🖤

5.3K 501 38
                                    

[Unicode]

ဂျွန်ဂျောင်ကု ပတ်ခ်ဆိုဂျွန်း စကားကြောင့် မျက်မှောင်ကြုံ့မိတယ် ။ ပြဿနာ က မဖိတ်ခေါ်ဘဲရောက်လာပြန်ပြီ ။ တယောက်တည်းဆို မှုစရာ မရှိပေမဲ့ ခုထိ မေ့နေဆဲဖြစ်တဲ့ တက်တူးလေး ကို လှမ်းကြည့်ပြီး ဆုံးဖြတ်ချက်ချရတယ် ။

"ဆိုဂျွန်း တက်တူးလေး ကို မြေအောက်ခန်း မှာ အမြန်သွားထားပြီး အမြန်ပြန်တက်လာခဲ့"

"ဟုတ်ကဲ့ Boss"

ပတ်ခ်ဆိုဂျွန်း ကင်မ်ထယ်ယောင်း ကို ချိတ်ထားတဲ့ အားဆေးပုလင်း ကို ပါ ဖြုတ်ပြီး ကင်မ်ထယ်ယောင်း ကို ပွေ့ချီလိုက်တယ် ။ မြေအောက်ခန်း ကို သွားတဲ့လမ်း မှာရှိတဲ့ လျို့ဝှက်တံခါးတွေ က မျက်နှာ ကို sensor ‌ဖတ်ပြီး ဖွင့်ရတာ ။ အဲ့ဒီ မြေအောက်ခန်းအကြောင်း ကို ဂျွန်ဂျောင်ကု နဲ့ ပတ်ခ်ဆိုဂျွန်း ပဲ သိတာ ။ ပတ်ခ်ဆိုဂျွန်း ထွက်သွားတော့မှ ဂျွန်ဂျောင်ကု က မတ်တပ်ရပ်ကြည့် နေတဲ့ ပတ်ခ်ဟျောင်းရှစ် ကို ပြောလိုက်တယ် ။

"မစ္စတာပတ်ခ် ကျနော့် ဒဏ်ရာ ကို ချုပ်ဖို့ အဆင်သင့်ပြင်လိုက်ပါ "

"ဘယ် ဒဏ်ရာ ကို ပြော...."

ပတ်ခ်ဟျောင်းရှစ် မေးခွန်း မဆုံးခင် ဂျွန်ဂျောင်ကု က ဆောင်ထားနေကျ မောင်းပြန်ဓါး ‌ကို ထုတ်ပြီး ဘယ်ဘက် လက်မောင်း ကို ထိုးချလိုက်တယ် ။ အရိုး နဲ့ လွတ်အောင် ထိုးလိုက်ပေမယ့် ကိုယ့်အသား ကိုယ် ပြန်နာအောင် လုပ်ရတာက တော်တန်ရုံ သတ္တိနဲ့ ဘယ်ရပါ့မလဲ ။ နာကျင်နေပေမယ့် ဂျွန်ဂျောင်ကု မျက်နှာ တချက် မတွန့်ဘဲ ပြောတယ် ။

"အခု ကျနော့် ဒဏ်ရာ ကို ချုပ်လို့ရပြီ မစ္စတာ ပတ်ခ်"

"ဟုတ်ပါပြီ မစ္စတာဂျွန်"

ပတ်ခ်ဟျောင်းရှစ် က ဂျွန်အိမ် ကို လာတဲ့အခါ အထူးသဖြင့် ဂျွန်ဂျောင်ကု ခေါ်ခိုင်းတဲ့ အခါမျိုးမှာ ခွဲစိတ်ကိရိယာ အစုံပါတဲ့ Case ကို အမြဲယူလာနေကျ ။  ယူလာမိလို့ လည်း တော်သေးတာပေါ့ ။ ဂျွန်ဂျောင်ကု ကလည်း Case ကို တွေ့လို့ သာ ဆုံးဖြတ်ချက်ချလိုက်တာ ။

ပတ်ခ်ဟျောင်းရှစ် က ဒဏ်ရာတဝိုက်က အင်္ကျီ ကို ကတ်ကြေးနဲ့ ညှပ်ချပြီး ဒဏ်ရာ ကို အရက်ပြန် အရက်လောင်းချလိုက်တော့ ဂျွန်ဂျောင်ကု မျက်နှာတချက် မဲ့သွားတယ် ။

🖤 FEROCIOUS TWINS 🖤 Completed Où les histoires vivent. Découvrez maintenant