🖤 Extra or The Start of Horizon 🖤

5.5K 385 68
                                    

[Unicode]

လေးနှစ်ကြာပြီးနောက်

"ဝန်ကြီးချုပ်ကင်မ် ဒါ က ကျနော့် သမီး လီဆူယွန်း ပါ "

"ဪ ဟုတ် မှတ်ထားလိုက်ပါ့မယ် အမတ်လီ တွေ့ရတာဝမ်းသာပါတယ် လီဆူယွန်း"

"ဟုတ်ကဲ့ ကျမ လည်း ဝမ်းသာပါတယ် ဝန်ကြီးချုပ်ကင်မ် က အပြင်မှာ ပိုချောတာပဲ အသက်ငယ်ငယ်လေး နဲ့ ဝန်ကြီးချုပ်ဖြစ်တာ တကယ်တော်တာပဲ"

"အဟား ဟား ကျနော့် ထက် ကျနော့် PA က တော်လို့ အခုလို နေရာမှာ ရှိနေနိုင်တာပါ ဟော ဟိုမှာလာနေပြီ ကျနော့် PA"

ကင်မ်ထယ်ဟွန်း ညွှန်ပြတဲ့ဆီ ကို ကြည့်လိုက်တော့ ခန္ဓာကိုယ် ခပ်တောင့်တောင့် ရုပ်ခပ်ဖြောင့်ဖြောင့် နဲ့ ‌ယောက်ျားဆန်ဆန်ချောလွန်းတဲ့ ယောက်ျားတယောက် ကို လီဆူယွန်း တွေ့ရတယ် ။ အညိုရောင် Suit ကို ဝတ်ဆင်ထားတာ က ကင်မ်ထယ်ဟွန်းစ နဲ့ ပုံစံတူပဲ ။ PA တယောက်က ဝန်ကြီးချုပ် နဲ့ ‌အရောင်တူ Suit ကို ဝတ်ဖို့ လိုလို့လား ။ လီဆူယွန်း တို့ ဆီ မရယ်မပြုံး မျက်နှာထား နဲ့ လျှောက်လာပြီး ကင်မ်ထယ်ဟွန်း ဘေးမှာ ဝင်ရပ်တယ် ။

"ဝန်ကြီးချုပ် အရမ်းမိုးချုပ်ရင် မကောင်းပါဘူး မနက်ဖြန် မနက် meeting တခု တက်စရာလည်း ရှိပါသေးတယ်"

"အာ ဟုတ်သားပဲ အမတ်လီ ကျနော့် ကို ခွင့်ပြုပါဦး ခင်ဗျ မနက်ကျ စောစော ထရမှာပဲ "

"ဟုတ်ကဲ့ပါ ဝန်ကြီးချုပ်ကင်မ် ကောင်းကောင်းသွားပါ"

ကင်မ်ထယ်ဟွန်း က နှုတ်ဆက်ပြီး အရင်ထွက်သွားတော့ သူ့ PA က နောက်က လိုက်မသွားခင် လီဆူယွန်း ကို စူးစိုက်ကြည့်သွားတာမို့ မျက်မှောင်ကြုတ်မိတယ် ။ လီဆူယွန်း ဘာမှ မလုပ်မိဘဲနဲ့ ဘာလို့ သတိပေးသလို ကြည့်သွားရတာလဲ ။

"ဝန်ကြီးချုပ် အမတ်မင် ကို သွားမနှုတ်ဆက်တော့ဘူးလား"

"မနက်စောစော ထရမှာဆို"

"သက်သက်ပြောတာ မနက်ဖြန်ကျ နေ့လည်မှ သွားရမှာ"

"မောင် မင်း ကကွာ ငါ ဒါဆို အမတ်မင် ကို သွားနှုတ်ဆက်ဦးမယ် လိုက်ဦးမှာလား"

"PA လေ လိုက်ရမှာပေါ့ အချစ် ဘယ်သွားသွား မောင် က လိုက်စောင့်ရှောက်ရမှာလေ"

🖤 FEROCIOUS TWINS 🖤 Completed Where stories live. Discover now