[Unicode]
ဂျွန်ဂျောင်ကု ညက အလုပ်ကိစ္စ အကြီးကြီး တခု ကို အောင်မြင်အောင် လုပ်ပြီးသွားတာမို့ ရုံးခန်းထဲ က ဆုံလည်ထိုင်ခုံ မှာ သက်တောင့်သက်သာ မှီ ရင်း ထိုင်နေတယ် ။ ဒီတခါမှာ ဂျွန်ဂု ရဲ့ နှောင့်ယှက်မှု လည်း မရှိဘဲ အဆင်ပြေပြေ ပြီးသွားတယ် ။ ဒါက နည်းနည်းတော့ သံသယ ဖြစ်စရာကောင်းတယ် ။ ဂျွန်ဂု တယောက် က အခုတလော အရင်လို ရောက်လာတဲ့ပစ္စည်းသစ်တွေ ကို ခိုးရောင်းတာမျိုး ယူပြီး သက်သက်မဲ့ ဖွက်ထားတာမျိုး မရှိတော့ဘူး ။ ဘာတွေ ကြိတ်ကြံနေတာများလဲ ။ အဲ့လိုတွေးမိတော့ သက်တောင့်သက်သာ မရှိတော့ဘဲ ခန္ဓာကိုယ်က တောင့်တောင့်ကြီး ဖြစ်သွားတယ် ။ ဂျွန်ဂု ဆိုတဲ့ ကောင် အကြောင်း ဘယ်အချိန် တွေးတွေး စိတ်မသက်မသာစရာပါလား ။ ဘာဖြစ်လို့များ ဒီလို ကောင် နဲ့ အမြွှာ အဖြစ် မွေးဖွားလာခဲ့ရသလဲ ။ ကံကြမ္မာ က ောက်ချိုးမပြေဘူးပဲ ။
ဂျွန်ဂျောင်ကု လေပူတွေ ကို မှုတ်ထုတ်ပြီး ရုံးခန်းထဲက ထွက်လာလိုက်တယ် ။ အနောက် က လိုက်ဖို့ပြင်နေတဲ့ လက်ရုံး တဆူ ဖြစ်တဲ့ ပတ်ခ်ဆိုဂျွန်း ကို လိုက်မလာဖို့ လက် နဲ့ ကာ ပြပြီး မှ တခုခုကို သတိရသွားတယ် ။"ဆိုဂျွန်း ငါ့ ကို အခုတလော ဂျွန်ဂု ဘာတွေ လုပ်နေလဲ စုံစမ်းထားပေး ညနေ သိချင်တယ်"
"ကောင်းပါပြီ မန်နေးဂျင်းဂျွန်"
အပိုအလို မရှိ ကွက်တိ ဖြစ်နေတဲ့ အနက်ရောင် Suit က ဂျွန်ဂျောင်ကု ရဲ့ တောင့်တင်းကျစ်လစ် တဲ့ ခန္ဓာကိုယ် ကို ပေါ်လွင်စေတယ် ။ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး စတိုင်လ်ကျကျ လမ်းလျှောက်နေတဲ့ ဂျွန်ဂျောင်ကု က ဒုစရိုက်လုပ်ငန်းကြီး တခု ရဲ့ ခေါင်းဆောင် မဟုတ်ဘဲ Model တယောက် ပိုဖြစ်သင့်တယ် လို့ ပတ်ခ်ဆိုဂျွန်း တွေးမိတယ် ။ ဒါပေမဲ့ အတွေး တိုင်း က အပြင် ကို ထုတ်ပြောကောင်းတဲ့ အရာ မဟုတ်ဘူး ။ ပတ်ခ်ဆိုဂျွန်း အခု လုပ်သင့်တာ က ဂျွန်ဂျောင်ကု ခိုင်းသွားတာ ကို ပါပဲ ။
ဂျွန်ဂျောင်ကု Mercedes Benz Z ပေါ် တက်လိုက်ပြီး Company နဲ့ ဝေးရာ ကို မောင်းထွက်လာလိုက်တယ် ။ ဘယ်နေရာရယ် ဦးတည်ချက် မရှိဘဲ မောင်းထွက်လာပေမယ့် နောက်ဆုံး ရောက်လာတာ က ဟန်မြစ်ကမ်းဘေး ဖြစ်နေတယ် ။ ပူလောင်တဲ့ ရာသီဥတု မှာ ဟန်မြစ်ကမ်း ဘေး က လည်း ဘာမှ ထူးပြီး အေးချမ်းမနေပါ ။ ဒါပေမဲ့ မျက်စိတော့ ရှင်းတယ် ။ ကား Aircon ကို ပိုတိုးပြီး ထိုင်ခုံကို နောက်လှန်ချပြီး ခဏ မျက်စိမှိတ်ထားလိုက်တယ် ။ ဘာလဲ ဘာမှ မမြင်ချင်လို့ မျက်စိမှိတ်ထားကာမှ ပေါ်လာတာ က ဂျွန်ဂျောင်ကု ကို ချေလွှတ်လိုက်တဲ့ ဝန်ကြီးချုပ် ရဲ့ သား ကင်မ်ထယ်ယောင်း မျက်နှာ ဖြစ်နေတယ် ။ ကြည့်ရတာ ဂျွန်ဂျောင်ကု တော့ ကင်မ်ထယ်ယောင်း မျက်နှာပေါ်က Tattoo ကို သဘောကျနေမိတယ် ထင်ပါရဲ့ ။
စိတ်ရှုပ်ထွေးလွန်းလို့ လှဲနေရာ က ပြန်ထိုင်ပြီး မျက်နှာ ကို လက်နှစ်ဖက် နဲ့ အုပ်ထားမိတဲ့အထိပဲ ။ ကင်မ်ထယ်ယောင်း ကို ဖမ်းခေါ်ပြီး မျက်နှာပေါ်က Tattoo ကို လေဆာ နဲ့ ဖျက်ပစ်လိုက်ရမလား ။ ဒါဆိုရင် ဂျွန်ဂျောင်ကု စိတ်ရှုပ်စရာ မလိုတော့ဘူးပဲ ။ အခုက ခဏခဏ Tattoo နဲ့ မျက်နှာပဲ မြင် မြင်နေတယ် ။ အလုပ်ကိစ္စကြောင့် ခေါင်းအေးသွားရင် အဲ့ဒီ Tattoo က ပေါ်လာပြန်ရော ။ Shit ဂျွန်ဂျောင်ကု က ဘဝ မှာ ဘာကို မှ စွဲစွဲလန်းလန်း မဖြစ်ချင်ဘူး ။
ESTÁS LEYENDO
🖤 FEROCIOUS TWINS 🖤 Completed
FanficJeon Jung Kook x Kim Tae Hyung Jeon Guk x Kim Tae Hoon Taekook Fanfiction Warning -M pregnant Started Date...15.2.2022...Tuesday Completed Date....30.5.2022...Monday