🖤 13 🖤

5.1K 509 49
                                    

[Unicode]

ကင်မ်ထယ်ယောင်း အရက်ပြင်း တွေ သောက်ပြီး စ ကောင်းလာပြီ ။ အခန်းထဲ ကို ဝေ့ကြည့်တော့‌ ကင်မ်ထယ်ဟွန်း လည်း မှောက်နေပြီ ။ ဒီနေ့တော့ ကင်မ်ထယ်ဟွန်း လည်း စိတ်လွတ် ကိုယ်လွတ် သောက် ထား ပုံ ရတယ် ။ မင်ယွန်းဂီ နဲ့ ပတ်ခ်ဂျီမင်း လည်း တော်တော်မူးနေပုံရကာ အနမ်း စစ်ခင်းနေကြတယ် ။ ကင်မ်ထယ်ယောင်း အခုချိန် ဖြစ်ချင်နေတာ က Dancing Floor ပေါ်မှာ စိတ်ရှိ လက်ရှိ ဒွန့် ဖို့ ။ ကင်မ်ထယ်ယောင်း ဆိုဖာ လက်ရန်း ကို အားပြုပြီး ထရပ်လိုက်တယ် ။ ပြီးတော့ တံခါးဆီ ကို ယိုင်တိယိုင်တိုင် နဲ့ လျှောက်သွားတယ် ။ လက်ကိုင်ဘု ကို ကြိုးစားလှည့်ပြီး တံခါး ကို ဖွင့်ကာ အပြင်ထွက်လိုက်တယ် ။ Dancing Floor ရှိတဲ့ ဘက် ကို လျှောက်တယ် ။ ဒါပေမဲ့ ‌အရှေ့ကို ‌တလှမ်း လှမ်းရင် အနောက်ကို နှစ်လှမ်း လောက် ပြန်ဆုတ်နေသလိုမျိုး ပဲ ။ ကင်မ်ထယ်ယောင်း လျှောက်နေပေမဲ့ ဘယ်မှ မရောက်သလို ဖြစ်နေတယ် ။ ဒါကြောင့် ခဏ ရပ်ပြီး ဟိုဟို ဒီဒီ ကြည့်လိုက်တယ် ။ VVIP Room တွေ ဘက်မို့ ရှုပ်ရှုပ်ထွေးထွေး မရှိဘူး ။ နှစ်ထပ် ဖြစ်နေတဲ့ အမြင်တွေ ကြည်သွားမလား လို့ ခေါင်း ကို ခပ်ဆတ်ဆတ် ခါရမ်း ပစ်လိုက်တယ် ။ ဒါပေမဲ့ ထူးမလာပါဘူး မူး တာ က မူးနေဆဲပဲ ။

ဂျွန်ဂု အခန်းထဲက ထွက်လာတော့ လျှောက်လမ်း က လှမ်းမြင်နေရတဲ့ ရင်းနှီးနေတဲ့ ပုံရိပ် ။ အနောက်ကနေ မြင်နေရရင်တောင် မှတ်မိနေတဲ့ ကိုယ်နေဟန်ထား ။ ခပ်သွက်သွက်လျှောက်ပြီး အနားသွားကြည့်တော့ VVIP အခန်းတံခါး ရှေ့မှာ ခေါင်း ကို ခါယမ်းနေတဲ့ ယောင်း ။ ပုံစံကြည့်ရတာ အရမ်း ကို ကောင်းနေတဲ့ပုံ ။ ယောင်း အရှေ့ကနေ ပိတ်ရပ် ပစ်လိုက်တာတောင် ဂျွန်ဂု ဆီ ခုထိ အာရုံ က ရောက်မလာသေး ။

"ဘာလဲ အခန်းထဲ ဝင်မလို့လား ယောင်း"

ဂျွန်ကု အသံကြားတော့ ငုံ့ထားတဲ့ ခေါင်း ကို ချက်ချင်း ဆတ်ကနဲ မော့ လာတဲ့ ယောင်း ။ မျက်လုံး တွေ ကို မှေးစင်းပြီး ဂျွန်ဂု ကို သေချာ ကြည့်နေတယ် ။

"အဖေလေး ရော အဖေလေး ဘယ်မှာလဲ ယောင်း တယောက်တည်း လျှောက်သွားနေတာလား"

"ဘေ ဘီ အာ ငါ့ ရဲ့ ဘေဘီ ပဲ လာ ကိုကို နဲ့ တူတူ သွား က ရ အောင် ဘေ ဘီ "

🖤 FEROCIOUS TWINS 🖤 Completed Onde histórias criam vida. Descubra agora