Ferocious Twins -The End

4.9K 324 40
                                    

[Unicode]
ဆေးရုံကုတင်ထက်မှာ လဲလျောင်းအိပ်စက်နေတဲ့ ဂျွန်ဂျောင်ကု။

ခန္ဓာကိုယ်တခုလုံး ပတ်တီးတွေအပြည့်နဲ့ ဂျွန်ဂျောင်ကု ကို ၁၆ နာရီကြာ အရေးပေါ်ခွဲစိတ်မှု လုပ်ပြီး အသက်လုခဲ့ရတယ်။ ကံကောင်းထောက်မစွာ ချောက်ကမ်းပါးဘေး တ‌နေရာမှာ တင်ကျန်ရစ်တဲ့ သွေးသံတရဲရဲနဲ့ မေ့‌မြောနေတဲ့ ဂျွန်ဂျောင်ကု ကို အခင်းဖြစ်ပွားတဲ့နောက်တနေ့ မနက် ၂ နာရီ မှာ ရှာတွေ့ခဲ့တာ။ ကံမကောင်းတာက ပတ်ခ်ဆိုးဂျွန် ကို လုံးဝရှာမတွေ့ခဲ့တာ။

သွေးထွက်လွန်နေပြီး ဒဏ်ရာအပြင်းအထန်ရထားတာမို့ အသက်ရှင်နိုင်ခြေ ၁၅% ကို လက်သင့်ခံပြီး အသည်းအသန် ဖိအားပေး ခွဲစိတ်မှု လုပ်ခိုင်းခဲ့တယ်။

ကင်မ်ထယ်ယောင်းရဲ့ ပြင်းပြတဲ့စိတ်အားထက်သန်မှုကြောင့်လား။ ဂျွန်ဂျောင်ကုရဲ့ အသက်ရှင်သန်ချင်စိတ်ကပဲ ပိုပြင်းခဲ့တာလား။ လက်ရှိမှာတော့ အသက်အန္တရာယ်အခြေအနေကို ကျော်လွှားနိုင်ပြီး သတိရ မရ ကို စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်။

ဂျွန်ဂျောင်ကုကို ရှာမတွေ့ခင်ကအထိ တငိုငို တရယ်ရယ် ဖြစ်နေခဲ့တဲ့ ကင်မ်ထယ်ယောင်းက ရှာတွေ့ချိန်မှာတော့ မျက်ရည်တစက် ထပ်မကျဘဲ သွေးအေးအေးနဲ့ အားလုံးကို စီမံခဲ့တယ်။

ဟုတ်တယ် ၁% ပဲ မျှော်လင့်ချက်ရှိရင်တောင် ဂျွန်ဂျောင်ကု က အသက်ရှင်သန်မှာ ဆိုတာကို ကင်မ်ထယ်ယောင်းက အကြွင်းမဲ့ယုံတယ်။ ဂျွန်ဂျောင်ကုလိုလူမျိုးက ကင်မ်ထယ်ယောင်းကို စိတ်ချလက်ချ တယောက်တည်း ထားသွားမယ့်သူမျိုးမှ မဟုတ်တာပဲ။

***********

ဂျွန်ဂျောင်ကု သတိမေ့နေတာ ၁၇ ရက်မြောက်နေ့။

ကင်မ်ထယ်ယောင်း က ကုတင်ထက် လဲလျောင်းနေတဲ့ ဂျွန်ဂျောင်ကုမျက်နှာ ကို လက်ညှိုးနဲ့ ခပ်ဖွဖွ ထိတွေ့နေမိတယ်။

"လူဆိုးကောင် အိပ်နေတာကြာပြီနော် ထတော့ စောင့်ရတာ စိတ်မရှည်တော့ဘူး မင်းအတွက်နဲ့ ငါ့မှာ အမြွှာလေးတွေကို ပစ်ထားသလိုဖြစ်နေတယ် အခုလည်း အမေတို့ဆီမှာ ထား ထားရတာကို ဂျီကျနေပြန်တယ် မင်း သားတွေအကြောင်း မင်း အသိဆုံးမလား သိရင် မြန်မြန်နိုးလာတော့"

🖤 FEROCIOUS TWINS 🖤 Completed Where stories live. Discover now