[Unicode]
ကင်မ်ထယ်ဟွန်း ခေါင်းညိတ်မိလား ခေါင်းခါမိလား တောင် မသိတော့ပါ ။ ရင်တွေ တလှပ်လှပ်တုန်နေတာက ဆေးသုံးချိန် ဆေးမရသလိုမျိုးပဲ ။ ဂျွန်ဂုက ချက်ချင်း ကင်မ်ထယ်ဟွန်း ကို အုပ်မိုးထားရာကနေ Driver Seat မှာ ပြန်ထိုင်ပြီး ကား ကို အရှိန်ပြင်းပြင်း နဲ့ မောင်းထွက်တယ် ။ ကင်မ်ထယ်ဟွန်း ရဲ့ ထိုင်ခုံကတော့ လှဲလျက် အနေအထားအတိုင်းပဲ ။
ကားရပ်သွားတာ နဲ့ ဂျွန်ဂု က ချက်ချင်းဆင်းကာ ကင်မ်ထယ်ဟွန်း ကို ခါးပတ် ဖြုတ်ပေးပြီး ပွေ့ချီလိုက်တယ် ။ ကင်မ်ထယ်ဟွန်း အခုမှ သတိထားမိတာက အခု ဂျွန်အိမ် ရဲ့ ခြံဝင်းထဲ ရောက်နေတာကို ။ ဂျွန်ဂု က ကင်မ်ထယ်ဟွန်း ကို ပွေ့ချီပြီး မျက်နှာထားခပ်တင်းတင်း နဲ့ ဒုတိယထပ် ကို တက်လာတယ် ။ အိမ်ထဲက မြင်သမျှ လူက ခေါင်းငုံ့ အရိုအသေပေးနေတာကိုလည်း တချက်မှ မကြည့်နိုင်တော့ဘူး ။
ဒုတိယထပ် ကို ရောက်တာ နဲ့ ကင်မ်ထယ်ဟွန်း ကို ဧည့်ခန်း ရဲ့ ဆိုဖာပေါ် ချပြီး တံခါး ကို သွားပိတ်လိုက်တယ် ။ ဂျွန်ဂု ချထားတဲ့အတိုင်း ကင်မ်ထယ်ဟွန်း က ပက်လက်ကလေး ပဲ ။ ကင်မ်ထယ်ဟွန်း ဆီ ပြန်လျှောက်လာရင်း အင်္ကျီ ကြယ်သီးတွေ ကို ဖြုတ်လာတယ် ။ ဂျွန်ဂု ကင်မ်ထယ်ဟွန်း ကို စိုက်ကြည့်ပြီး အင်္ကျီ ကို ချွတ်ပစ်လိုက်တယ် ။ ပြီးတော့ ခါးပတ် ကို ဖြုတ်ပြီး ဘောင်းဘီ တွေ အကုန် ချွတ်ပစ်လိုက်တယ် ။
ကင်မ်ထယ်ဟွန်း က ဂျွန်ဂု ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေပြီး မျက်နှာတွေရဲလာတယ် ။ ဂျွန်ဂု မဲ့ပြုံးတချက် ပြုံးရင်း ကင်မ်ထယ်ဟွန်း ပေါ် အုပ်မိုးပြီး အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးတယ် ။ စိတ်မရှည်တော့တာကြောင့် ဆွဲဖြုတ်ပစ်လိုက်တော့ ကြယ်သီးတွေ ပြုတ်ထွက်ကုန်တယ် ။ လှဲနေတဲ့ ကင်မ်ထယ်ဟွန်း ကို ဆွဲထူပြီး မတ်တပ်ရပ်စေတယ် ။ ကင်မ်ထယ်ဟွန်း ရဲ့ အင်္ကျီတွေ ကို ချွတ်ပေးပြီး တခါတည်းဘောင်းဘီ ကိုပါ ချွတ်တယ် ။ အခုထိ ကင်မ်ထယ်ဟွန်း က မလှုပ်မယှက် နဲ့ ဂျွန်ဂု လုပ်သမျှ ခံနေတယ် ။
ကင်မ်ထယ်ဟွန်း ကိုယ်မှာ ဘာ အဝတ်အစားမှ မရှိတော့ချိန် ဂျွန်ဂု ကင်မ်ထယ်ဟွန်း ကို ပွေ့ချီပြီး အိပ်ခန်း ဆီ ကို ခေါ်သွားတယ် ။ အိပ်ရာပေါ် ပစ်တင်လိုက်ပြီးတော့ ဂျွန်ဂု က အပေါ်ကနေ အုပ်မိုးလိုက်တယ် ။ ကင်မ်ထယ်ဟွန်း မျက်လုံးတွေ ထဲကို စိုက်ကြည့်ရင်း ပြောလိုက်တယ် ။
YOU ARE READING
🖤 FEROCIOUS TWINS 🖤 Completed
FanfictionJeon Jung Kook x Kim Tae Hyung Jeon Guk x Kim Tae Hoon Taekook Fanfiction Warning -M pregnant Started Date...15.2.2022...Tuesday Completed Date....30.5.2022...Monday