🖤 24 🖤

5.4K 496 49
                                    

[Unicode]

ဂျွန် တွေ ပိုင်တဲ့ Silver Moon  Private Special Hospital ကို ကင်မ်ထယ်ယောင်း နဲ့ ဂျွန်ဂျောင်ကု ရောက်နေတယ် ။ အိမ်ကြီး မှာ အစောင့်အနေနဲ့ ၅ ယောက် သာ ထားခဲ့ပြီး ၁၀ ယောက် ကို ကင်မ်ထယ်ယောင်း ကို စောင့်ရှောက်ဖို့ ခေါ်လာတယ် ။ ကင်မ်ထယ်ယောင်း နဲ့ ပတ်သတ်လာရင် ဂျွန်ဂျောင်ကု ဘာ ကို မှ ပေါ့ပေါ့ဆဆ မနေပါ ။ ကင်မ်ထယ်ယောင်း စိတ်ချမ်းသာဖို့ နဲ့ လုံခြုံဖို့  က အဓိက ပါပဲ ။

ရောက်တာနဲ့ ကင်မ်ထယ်ယောင်း ကို စစ်ဆေးဖို့ အခန်းထဲကို ဂျွန်ဂျောင်ကု ကိုယ်တိုင် လိုက်ပို့တယ် ။ ဂျွန်ဂျောင်ကု ဆုပ်ကိုင်ထားတဲ့ ကင်မ်ထယ်ယောင်း လက်လေး က အေးစက်‌နေတာမို့ ဖျစ်ညှစ် အားပေးလိုက်တယ် ။  ကင်မ်ထယ်ယောင်း ကုတင်ပေါ် လှဲလိုက်တဲ့အထိ ဂျွန်ဂျောင်ကု က လက်တဖက် ကို ဆုပ်ကိုင်ထားဆဲ ။

"ကြောက်နေတာလား တက်တူးလေး"

"အင်း နည်းနည်း"

"မကြောက်ပါနဲ့ ကိုယ်တယောက်လုံး ရှိပါတယ်"

"ငါ့ အနားမှာပဲ နေပေးပါလား ဂျောင်ကု"

"မပြောရင်တောင် နေ မှာပါ"

ကင်မ်ထယ်ယောင်း ကို ဆရာဝန် စမ်းသပ်နိုင်ဖို့ ဂျွန်ဂျောင်ကု ကိုင်ထားတဲ့ လက်လေး ကို ဖြုတ်ပြီး ဘေးနားသွားရပ်နေလိုက်တယ် ။ ဆရာဝန် က ကင်မ်ထယ်ယောင်း အင်္ကျီ ကို လှန် လိုက်ပြီး ဗိုက် ကို  ဂျယ် တမျိုး လိမ်းလိုက်တယ် ။  Ultrasound ရိုက်တဲ့ ကိရိယာ လေး တင်လိုက်တော့ Screen ပေါ်မှာ ပေါ်လာတဲ့ အရိပ်လေးတွေ ။

"အင်း အခုက ဗိုက် က ၂ လ ကျော် နော် ဟုတ်လား"

"ဟုတ်တယ် ဒေါက်တာ"

ကင်မ်ထယ်ယောင်း က Screen ကို ကြည့်နေတာမို့ ဂျွန်ဂျောင်ကု က ဝင်ဖြေတယ် ။

"လ နုသေးတာမို့ ဂရုစိုက်ပေးပါ အမြွှာမျိုးရိုး ရှိသလား ခင်ဗျ"

"ဟုတ် ဟုတ်ကဲ့ ရှိပါတယ်"

"အင်း အဲ့ဒါဆို ရင်တော့ အမြွှာလေး ကို မျှော်လင့်ထားပေတော့ဗျာ လထပ်ရင့် ရင် တခေါက် ပြန်လာရိုက်ကြည့်ပေါ့"

"ဟုတ် ဟုတ်ကဲ့ လတိုင်း လာရိုက်မှာပါ ဒေါက်တာ"

ဂျွန်ဂျောင်ကု အယောင်ယောင် အမှားမှား နဲ့ စကားပြောတာတွေ ယဉ်ကျေးကုန်တယ် ။ ရင်တွေ ခုန်ရလွန်းလို့ ပေါက်ထွက်တော့မတတ်ပဲ ။ တက်တူးလေး မျက်နှာ ကို ကြည့်လိုက်တော့ မျက်နှာငယ်လေး နဲ့ မို့ ဂျွန်ဂျောင်ကု ရင်ထဲ ကရုဏာ စိတ်တွေတဖွားဖွားပါပဲ ။ တက်တူးလေး အားငယ်နေတာ မြင်တော့ ဂျွန်ဂျောင်ကု စိတ်မကောင်းပါ ။

🖤 FEROCIOUS TWINS 🖤 Completed Tempat cerita menjadi hidup. Temukan sekarang