[Unicode]
ကင်မ်ထယ်ယောင်း အပေါ်ထပ်ကနေ ပြေးဆင်းလာပြီး ဧည့်ခန်းမှာ က ဆိုဖာမှာ ထိုင်နေကြတဲ့ ဝန်ကြီးချုပ်ကင်မ် နဲ့ ဝန်ကြီးချုပ်ကတော် ကို တုန်ယင်နေတဲ့အသံ နဲ့ ပြောမိတယ် ။
"ဂျောင်ကု car accident ဖြစ်လို့တဲ့ အဲ့ဒါ အဲ့ဒါ ကျနော် အခု ဆေးရုံ သွားမလို့ ဟား ကျနော့်ကို ကား ခဏ ငှားပါ ဝန်ကြီးချုပ် "
"ဆတ်ဆူး ဆတ်ဆူး"
"ဆတ်ဆူး"
ဘေးပတ်လည် ကာထားတဲ့ ဆိုဖာ အဝိုင်းကြီး ပေါ်မှာ ဆော့နေကြတဲ့ ယောင်းလုံး နဲ့ ဟွန်းကစ် က ကင်မ်ထယ်ယောင်း ကို မြင်တော့ လှမ်းခေါ်ပြီး လက်လှမ်းတယ် ။ ကင်မ်ထယ်ယောင်း အခုချိန် ကောင်းကောင်းချီနိုင်မှာ မဟုတ်လို့ ဝန်ကြီးချုပ်တို့ နား ပဲ သွားလိုက်တယ် ။ ဝန်ကြီးချုပ် က မျက်မှောင်ကြုတ်ပြီး ကင်မ်ထယ်ယောင်း ကို ပြန်ပြောတယ် ။
"အိမ် က ဒရိုင်ဘာ နဲ့သွား ထယ်ယောင်း မင်း မမောင်းနဲ့ အိမ်တော်ထိန်း "
"ဟုတ်ကဲ့ သခင်ကြီး"
"ထယ်ယောင်း ကို ကားဆီ ခေါ်သွားပေးလိုက် ငါ လိုက်ခဲ့ဖို့လိုလား ထယ်ယောင်း"
"မသိဘူး လိုရင် ကျနော် ဖုန်း ဆက် မယ် အမေ ယောင်းလုံး နဲ့ ဟွန်းကစ် ကို ကြည့်ပေးထားလို့ရတယ်မလား"
ဝန်ကြီးချုပ်ကတော် က ထိုင်နေရာက ထပြီး အေးစက်နေတဲ့ ကင်မ်ထယ်ယောင်း လက်တွေ ကို ဆုပ်ကိုင်ကာ ပြောတယ် ။
"ကလေးတွေ ကို စိတ်မပူနဲ့ ယောင်းလေး စိတ်အေးအေးထားပါ သမက်ဂျွန် အရမ်းမထိခိုက်မိလောက်ပါဘူး"
"အဲ့လို အဲ့လိုပဲ ဖြစ်မှာပါ ကျနော် သွားပြီ အမေ"
ကင်မ်ထယ်ယောင်း စိတ်ထဲ စိုးရိမ်မှုတွေ ကြီးစိုးနေတာမို့ စိတ် နဲ့ လူ လည်း သိပ်မကပ်ချင်တော့ဘူး ။ ဝန်ကြီးချုပ်ကတော် ကိုလည်း အမေ လို့ ခေါ်မိသွားတယ် ။ အိမ်တော်ထိန်း နဲ့ ကင်မ်ထယ်ယောင်း ထွက်သွားတာကို ယောင်းလုံး နဲ့ ဟွန်းကစ် က ခေါင်းလေး လည်ပြီး လိုက်ကြည့်ကာ အော်ငိုတော့တယ် ။
"ဆတ်ဆူး ဆတ်ဆူး ဝါးးးးးး "
"ဆတ်ဆူးရေး ဝါးးးးးး ဝါးးးးးး "
VOUS LISEZ
🖤 FEROCIOUS TWINS 🖤 Completed
FanfictionJeon Jung Kook x Kim Tae Hyung Jeon Guk x Kim Tae Hoon Taekook Fanfiction Warning -M pregnant Started Date...15.2.2022...Tuesday Completed Date....30.5.2022...Monday