🖤 3 🖤

7.1K 609 15
                                    

[Unicode]

ကင်မ်ထယ်ယောင်း နဲ့ ကင်မ်ထယ်ဟွန်း တို့ အခု မိဘမဲ့ ဂေဟာ တခု မှာ ရောက်နေတယ် ။ Sunday တွေဆို ဂေဟာ တွေ မှာ အလှူလုပ်တတ်တဲ့ ဝန်ကြီးချုပ်ကြောင့် ရောက်နေတာ ။ တကယ်က အလှူလုပ်တာ ထက် ဓာတ်ပုံရိုက်ပြီး Social media ပေါ်မှာ တင်ဖို့ အကြောင်းရှာတာပါ ။ ဘယ်ဂေဟာ မှာ ဘာတွေ လှူတယ် ဆိုတဲ့ Caption လေးနဲ့ပေါ့ ။ ပြီးတော့ မိသားစု နှင့်အတူ တို့ သားအမြွှာ၂ ယောက် နှင့်အတူ တို့ ကျနော့်ရဲ့ ပါရမီ ဖြည့်ဖက် နှင့်အတူ တို့ ဘာညာ ပေါ့ ။ Post အောက်မှာတော့ ဝန်ကြီးချုပ် ကျန်းမာပါစေ တို့ ဝန်ကြီးချုပ်လို လူမျိုး ကို ကိုးရီးယား နိုင်ငံက လိုအပ်တယ် တို့ သားလေးတွေ က ချောလိုက်တာ ဇနီး ကလည်း သိမ်မွေ့လိုက်တာ ဘာညာ ဘာညာ ပေါ့ ။ သိတယ်မလား ရွေးကောက်ပွဲ နီးတော့ Image ကောင်းရမယ်လေ ။ ဒါကြောင့် ကင်မ်ထယ်ယောင်း နဲ့ ကင်မ်ထယ်ဟွန်း ကပါ အဆစ်ပါလာရတာပေါ့ ။ လာချင်လွန်းလို့တော့ မဟုတ်ဘူး ။ ဒီနေ့လာရင် ကင်မ်ထယ်ယောင်း ရဲ့ ပြိုင်ကား ကို ပြန်ပေးပြီး Bodyguard တွေမပါဘဲ အပြင်သွားလို့ရမယ် ဆိုတဲ့ အပေးအယူကြောင့် လာတာ ။

အခုလည်း မိဘမဲ့ကလေး တွေကို အရုပ်တွေ ဝေပေးနေရတယ် ။ ကင်မ်ထယ်ဟွန်း ကတော့ ပြုံးထားတယ် ။ ကင်မ်ထယ်ယောင်း ကတော့ မျက်နှာကြောတင်းတင်းပဲ ။ ပေးလည်းပေး ရသေးတယ် မယူချင် မယူနဲ့ပဲ ။ ဒါပေမဲ့ ရုပ်ကလေး က ချောတော့ ဘယ်လိုနေနေ နှစ်လိုဖွယ် ဖြစ်နေတာက ပြဿနာပဲ ။ ကလေးတွေက ကင်မ်ထယ်ယောင်း မျက်နှာ က Tattoo ကို သဘောကျနေကြတယ် ။

ကင်မ်ထယ်ယောင်း အရုပ်ဝေပြီးလို့ နားအေးပါးအေး ဂေဟာဝင်းထဲက သစ်သားထိုင်ခုံ မှာ တစ်ယောက်တည်း လာထိုင်နေတာ ။ အသက် ၅ နှစ် အရွယ် ဘယ်က ပေါက်လွတ်ပဲစား ကောင်လေး မှန်းမသိဘူး ။ ကိုကို ကိုကို နဲ့ လာခေါ်ပြီး ခုံပေါ် အတင်းတက်လာတယ် ။ ပြီးတော့ မျက်နှာ က Tattoo ကို လာကိုင်တယ်။ 
ခုံပေါ်ထိုင်တာအထိ က ကင်မ်ထယ်ယောင်း သည်းခံနိုင်တယ် ။ ညစ်ပတ်နေတဲ့ လက် နဲ့ မျက်နှာ ကို လာကိုင်တာကျ လွန်သွားပြီ ။ ထိုင်ခုံပေါ်ကနေ တွန်းချပြီး ထွက်လာလိုက်တယ် ။ ခုံဘေး ကို နောက်ပြန်ကျသွားတဲ့ ကောင်လေး ဆီက ငိုသံ စူးစူး ထွက်လာတယ် ။ ဂေဟာ ထဲက လူတွေ ထွက်လာကြတယ် ။ ကင်မ်ထယ်ယောင်း ကတော့ ဂေဟာ ထဲကို ပြန်ဝင်လိုက်တယ် ။

🖤 FEROCIOUS TWINS 🖤 Completed Où les histoires vivent. Découvrez maintenant