🖤 16 🖤

5.2K 496 29
                                    

[Unicode]

"ညီညီ မင်း ငါ့ ကို စိတ်တိုနေတာလား"

"ဒါဆို ကျနော် က မတိုရဘူးလား ယောင်း ကို"

"ငါ က ဘာလုပ်မိလို့လဲ  သောက်တာက မင်း နဲ့အတူ သောက်တာပဲကို"

"ကောင်းပါတယ် ယောင်း ပဲ အခု နေရထိုင်ရတာ အဆင်ပြေရဲ့လား"

"‌ကိုယ်တွေလက်တွေ နည်းနည်း ကိုက်ခဲတာကလွဲလို့ ကျန်တာ အဆင်ပြေပါတယ်"

"ပြေရင် ပြီးရော ကျနော် အိပ်တော့မယ်"

ကင်မ်ထယ်ဟွန်း ပြောပြီးတာ နဲ့ အိပ်ခန်းထဲသာ ဝင်လာလိုက်တယ် ။ ဆက်နေနေရင် ဒေါသထွက်ပြီး သေရုံပဲ ရှိမယ် ။ သူ့အစ်ကို ကတော့ ဘာမှ မှတ်မိလာမယ် မထင်ဘူး။  အပြစ်ကင်းစင်တဲ့ မျက်လုံးတွေ နဲ့ သူ့ကို ကြည့်ပြီး စိတ်ဆိုးတဲ့သူ က အလွန်ဖြစ်အောင် လုပ်နေတာ ။  ကင်မ်ထယ်ယောင်း က ဧည့်ခန်းထဲမှာ ထိုင်ကျန်နေခဲ့ရင်း မူးနေတုန်းက ဘာတွေလုပ်မိလို့ ကင်မ်ထယ်ဟွန်း က စိတ်ဆိုးတာလဲ ဆိုပြီး ပြန်စဉ်းစားရင်း ကျန်ခဲ့တယ် ။ ခေါင်းထဲမှာတော့ ဗလာပဲ ရှိနေတယ် ။

ဂျွန်ဂျောင်ကု ကွဲပြဲနေတဲ့ မျက်နှာ ကို Bathroom က Basin မှာ ဆေးကြောလိုက်ပြီး မှန် ကြည့်လိုက်တယ် ။ မျက်နှာ က တော်တော် ဖူးယောင်သွားတာပဲ ။ ကင်မ်ထယ်ဟွန်း က လက်သံ‌တော့ပြောင်သား ။ ဂျွန်ဂျောင်ကု အခန်းထဲ က ထွက်လာပြီး ကားပါကင် ဆီကို တန်းသွားတယ် ။ ‌သူ့ရဲ့ Mercedes Benz ကို မောင်းထွက်လိုက်ကာ ဂျွန်အိမ် ကို ပြန်လာတယ် ။ အိမ်ရဲ့ ဆင်ဝင် မှာပဲ ကား ကို ရပ်ထားပြီး အိမ် ထဲ ဝင်တော့ ဧည့်ခန်းမှာတွေ့ရတာက မိန့်မိန့်ကြီး ထိုင်နေတဲ့ ဂျွန်ဂု ။

"ဘယ်လိုနေလဲ အရသာ က"

"အဟက် ဘယ်ဟာကိုသိချင်တာလဲ"

"၂ ခုစလုံးပဲလေ "

"နိဗ္ဗာန်လိုပဲ နိဗ္ဗာန်လိုမျိုး ခံစားရတာမို့ ကင်မ်ထယ်ဟွန်း ဆီက ခုလောက် အထိုးခံရတာက ဘာမှ မဟုတ်ဘူး ယှဉ်လို့မရဘူး"

"အဟား ဟား မင်း တောင် တွယ်ငြိရမယ့်သူ ရှိလာပြီပဲ"

"ငါ အခု စကား မပြောချင်ဘူး ဂျွန်ဂု ဒိုးတော့"

🖤 FEROCIOUS TWINS 🖤 Completed Onde histórias criam vida. Descubra agora