🖤 20 🖤

5.3K 496 20
                                    

[Unicode]

ဂျွန်ဂျောင်ကု SF90 ကို ခပ်ဖြည်းဖြည်းမောင်းရင်း Lover Seat မှာထိုင်နေတဲ့ တက်တူးလေး ဘက် ကို လှမ်း လှမ်း ကြည့်ပြီး အကဲခတ်မိတယ်  ။ ဘာဖြစ်တာလဲလို့ မေးတော့လည်း အဖြေ ပြန်မလာဘဲ မျက်ရည်တွေပဲ တရစပ် ကျနေတာမို့ ဆက်မမေးဘဲ ကားပေါ် ခေါ်တင်လာလိုက်တာ ။ ခုထိလည်း တက်တူးလေး က မျက်ရည်တွေကျနေတုန်းပဲ ။ ဂျွန်ဂျောင်ကု ရင်တွေလည်း အရမ်းပူလောင်နေပါပြီ ။

တချက်ကလေး‌တောင် မလှုပ်ဘဲ ကျောက်ရုပ်လိုမျိုး ငြိမ်ထိုင်ပြီး မျက်ရည်တွေ ပဲ ကျနေတာ ။ ငိုသံလည်း မထွက်ဘူး ရှိုက်လည်း မရှိုက်ဘူး ။ အရမ်းအကြောတင်းတဲ့ တက်တူးလေး က အခုလို ပုံစံ ဖြစ်နေတာ ဘယ်သူ စိတ်မပူဘဲ နေနိုင်မလဲ ။

ဂျွန်ဂျောင်ကု အခုအခြေအနေ ကို သည်းမခံနိုင်တော့တာမို့ ကား ကို လမ်းမကြီးပေါ်ကနေ ပြန်ကွေ့ပြီး အရှိန်တင်ကာ မြို့ပြင်ဘက် က ဂျွန်မိသားစု ပိုင်တဲ့ အိမ်ကြီး ဆီ ဦးတည်လိုက်တယ် ။ ဘယ်သူကြောင့် ခုလိုဖြစ်နေတာလဲတော့ သိရမှ ဖြစ်မယ်မလား ။

ကင်မ်ထယ်ယောင်း အသိစိတ်တွေ က ကပ်တချက် မကပ်တချက် ။ ကြားခဲ့ရတဲ့ စကားတွေက နားထဲမှာ ပဲ့တင်ထပ်နေတယ် ။ ကြားခဲ့ရတာတွေ ကို အမှန် အမှား လည်း မဝေခွဲနိုင်တော့ဘူး ။ ကင်မ်ထယ်ယောင်း ဒီကမ္ဘာပေါ်က ပျောက်ကွယ်သွားချင်တာပဲ သိတယ် ။

'ဝန်ကြီးချုပ်ကင်မ်ရဲ့ သား အကြီး က ကိုယ်ဝန် ရှိနေတာတဲ့'

'‌ယောက်ျားလေး ဖြစ်ပြီးတော့ ကိုယ်ဝန်ဆောင်နိုင်တယ်လား'

'ဟုတ်တယ် ဒီနေ့ လာတာက ခွဲစိတ်ပြီး ထုတ်ပစ်ဖို့လေ ဒါက လျှို့ဝှက်ချက် နော်'

'ခုနက ဆေးရုံအုပ် ဆီသွားရင်း ဝန်ကြီးချုပ်ကတော် နဲ့ ဆေးရုံအုပ် ပြောတာ ကြားခဲ့တာ'

'ဟယ် အဲ့ကိစ္စသာ အပြင် ပြန့်သွားရင် ဝန်ကြီးချုပ်ကင်မ် ရာထူး အတွက် ပြဿနာရှိနိုင်တယ်မလား'

'ဟုတ်ပါ့ အဲ့ဒါကြောင့် ခုလို လူမသိ သူမသိ ကြိတ်ခွဲစိတ်တာပေါ့'

'ကလေး ကတော့ နေရာမှားပြီး လာမိတာပဲ လူတောင် ဖြစ်ခွင့်မရတော့ဘူး'

🖤 FEROCIOUS TWINS 🖤 Completed Donde viven las historias. Descúbrelo ahora