🖤 26 🖤

5.2K 501 28
                                    

[Unicode]

အခုတလော  မီဒီယာတွေ မှာ တွေ့နေရတဲ့ ရေပန်းစားနေတဲ့ သတင်း တခု......ဝန်ကြီးချုပ် ကင်မ်မင်ယောင်း ရဲ့ သား ကင်မ်ထယ်ဟွန်း က နိုင်ငံရေး လောကထဲ ဝင်ရောက်......သတင်းစာ ခေါင်းစီးပိုင်းတွေ မှာ တွေ့နေရပြီး TV သတင်းတွေ မှာ အကျယ်တဝင့် ဖော်ပြလာကြတယ် ။ မမျှော်လင့်ထားတဲ့ သတင်း ကြောင့် အကုန် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြတယ် ။

ကင်မ်မိသားစု အပေါ် ပြည်သူလူထု ရဲ့ စိတ်ဝင်စားမှု က မြင့်တက်လာပြီး ကင်မ်အိမ် ရဲ့ သား နောက်တယောက် က ရော နိုင်ငံရေးလောကထဲဝင်မှာလား  တမိသားစုလုံး နိုင်ငံရေး လုပ်တော့မှာလား ဘာဖြစ်လို့ တယောက်ပဲ ဝင်တာလဲ ဆိုတဲ့ မေးခွန်းတွေ ပလူပျံနေတယ် ။ ဒါပေမဲ့ အခုထိတော့ ကင်မ်ထယ်ဟွန်း ကို မမြင်ရသေးသလို ဝန်ကြီးချုပ်ကင်မ် ဘက် က ဘာမှ မပြောလာသေး ။ မီဒီယာတွေ မေးရင်လည်း မဖြေဘဲ နေကာ ခပ်ပြုံးပြုံး စကားလမ်းကြောင်းလွှဲတယ် ။ အဲ့ဒါကပဲ အကုန်လုံးကို ကလိကလိ ပိုဖြစ်စေတယ်။

ဒီနေ့ က အဆင်မြင့် ၁၅ ထပ် အထက်တန်းကျောင်းသစ်ကြီး ဆောက်လုပ်ပြီးစီးသွားပြီမို့.....ဝန်ကြီးချုပ်ကင်မ် တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်မယ် ။ ပွဲစချိန် နီးကပ်လာတာ နဲ့  အားလုံးရဲ့ စိုးရိမ်စိတ် က မြင့်တက်လာတယ် ။ ဝန်ကြီးချုပ်ကင်မ် အခုထိ ရောက်မလာသေးတာမို့ ။ ဝန်ကြီးချုပ်ကင်မ် ရဲ့ နာမည်ကောင်းသတင်း တွေထဲမှာ အချိန်နောက်မကျတတ်ခြင်း က ထိပ်ဆုံး က ။ ဒါပေမဲ့ ဒီ ကျောင်းကြီး က ဂျွန်မိသားစု က ဆောက်လုပ် လှူဒါန်းတာ ။

ပွဲမှာ အလှူရှင်ဖြစ်တဲ့ ဂျွန်အိမ် က ဂျွန်ဂျောင်ကု နဲ့ ဂျွန်ဂု လည်း ရောက်နေပြီ ။ မီဒီယာသမားတွေလည်း သတင်းမှတ်တမ်းယူနေကြပြီ ။ ဂျွန်ဂျောင်ကု ကတော့ အေးစက်စက်မျက်နှာထား နဲ့ သူကိုယ်တိုင် ဖဲကြိုး ဖြတ် ဖွင့်ဖို့ ပြင်တယ် ။ ဂျွန်ဂု ကလည်း မလှမ်းမကမ်း မှာ ရပ်ပြီး ဝန်ကြီးချုပ်ကင်မ် ကား ကို မျှော်တယ် ။ ဂျွန်ဂျောင်ကု ဗန်းထဲက ကတ်ကြေး ကို ကောက်ကိုင်လိုက်ချိန် ဝင်လာတဲ့ ကားတန်းရှည်ကြီး ။ ဂျွန်ဂျောင်ကု ကတ်ကြေး ကို ပြန်ချသလို ဂျွန်ဂု လည်း အခုမှ ဟင်း ချနိုင်တယ် ။

🖤 FEROCIOUS TWINS 🖤 Completed Onde histórias criam vida. Descubra agora