[Unicode]
ဂျွန်ဂု မူးမူးရူးရူး ငိုယိုပြီး ပြောချင်တာတွေ ပြောရင်း ဆိုဖာနောက်ကျော ကို မှီပြီး အိပ်ပျော်နေတဲ့ ကင်မ်ထယ်ဟွန်း ကို စိုက်ကြည့်ရင်း အတွေးလွန်နေမိတယ် ။ ဂျွန်ဂု ကြားလိုက်ရတဲ့ ကိုယ်ဝန် ဆိုတာ က တကယ်ကြီးလား ။ ထပ်မေးတော့လည်း မဖြေတော့ဘဲ ပြောချင်ရာတွေ ဆက်ပြောနေတဲ့ ကင်မ်ထယ်ဟွန်း ကြောင့် ခေါင်းစားရတယ် ။ ဒီနေ့ရဲ့ အဓိက လာရင်းကိစ္စ ကိုလည်း ဂျွန်ဂု မေ့ထားလို့မရပြန်ဘူး ။ ဟူးးးးး ကင်မ်ထယ်ဟွန်း က အခုလို အိပ်နေတော့လည်း ခုနက ငိုယိုကြေကွဲနေတာ သူ မဟုတ်တဲ့အတိုင်းပဲ။ ပြောစရာရှိတဲ့ စကား က ပြောမှ ရမှာမို့ ဂျွန်ဂု ဘယ်တတ်နိုင်ပါ့မလဲ ။ ဒီတိုင်း ကင်မ်ထယ်ဟွန်း မျက်နှာ ကို တစိမ့်စိမ့်ကြည့်ရင်း နိုးလာတာ ကို စောင့်ရမှာပေါ့ ။ ကင်မ်ထယ်ဟွန်း မျက်နှာ ကလည်း ကြည့်လေ ကြည့်လေ ပိုကြည့်ချင်လာလေပဲ ။
ကင်မ်ထယ်ဟွန်း ခေါင်းထဲက တဆစ်ဆစ် နဲ့ နိုးလာတယ် ။ နိုးနိုးချင်း မျက်လုံး ဖွင့်လိုက်တာ နဲ့ ခံစားရတာက တယောက်ယောက် က စိုက်ကြည့်နေသလို ခံစားချက်ကြီး ။ ညာဘက်ကို ခေါင်းစောင်းကြည့်လိုက်တော့ ဘာလဲ ဂျွန်ဂု ဆိုတဲ့ကောင် ဘယ်တုန်း က ရောက်နေတာလဲ ။ လူကို ပြုံးပြီး စိုက်ကြည့်နေတာများ မသိရင် ချစ်စကြင်စ ချစ်သူရည်းစား လို့တောင် အထင်ရောက်စရာ ။ တခုခု မှာ ပျော်ဝင်နေတဲ့ ရီဝေဝေ မျက်လုံးတွေ နဲ့ စိုက်ကြည့်နေတာ မို့ မရှက်တတ်တဲ့ ကင်မ်ထယ်ဟွန်း တောင် အခုပဲ ရှက်ပြရမလို ဖြစ်သွားတယ် ။ ဘာကြီးလဲ ဒီ ဂျွန်ဂု ဆိုတဲ့ကောင် က ။ ဘာအကြည့်တွေ နဲ့ ကြည့်နေတာလဲ ။
"တော်သေးတာပေါ့ နိုးလာလို့"
"ဘာကိစ္စ ရောက်နေတာလဲ ခင်ဗျား က "
"အာ အရက်မူးလို့ မမှတ်မိဘူးတော့ မလုပ်နဲ့နော် အဖေလေး ငါ့ ရင်ခွင်ထဲမှာတောင် မင်း ကို ဖက်ပြီး နှစ်သိမ့်ပေးခဲ့သေးတာနော် မင်း မျက်ရည်တွေ လည်း ငါ့ အင်္ကျီမှာ စိုကုန်တာနော် နှာရည်တွေရော"
"ဘာာာာာ "
ကင်မ်ထယ်ဟွန်း အရက်မသောက်ခင် အချိန် အရက်သောက်ဆဲ အချိန် အရက်သောက်ပြီးအချိန် ဆိုပြီး memory တွေ ပြန်ခေါ်ရတယ် ။ ဟုတ်တာပေါ့ ကင်မ်ထယ်ဟွန်း အရမ်းကောင်းနေတဲ့ အချိန် အခန်းထဲ လူတယောက်ဝင်လာတယ် ။ ပုံရိပ်တွေ ထပ်နေတာမို့ ဘယ်သူမှန်း ကောင်းကောင်း မသိပေမဲ့ ငိုပြီး စကားတွေ ပြောမိခဲ့တယ် ထင်တယ် ။ ဒါဆို ကင်မ်ထယ်ဟွန်း ဘာစကားတွေ ပြောခဲ့မိတာလဲ အာ သေချာ မမှတ်မိတော့ဘူး ။ ဒီ ဂျွန်ဂု ကရော ဘာကိစ္စ ကင်မ်ထယ်ဟွန်း အခန်းထဲ ဝင်လာတာလဲ ။ ဂျွန်ဂျောင်ကု က ယောင်း ကို လုပ်သလိုမျိုး လုပ်ဖို့ ကြံစည်နေတာလား ။ မဟုတ်မှလွဲရော ။
ESTÁS LEYENDO
🖤 FEROCIOUS TWINS 🖤 Completed
FanficJeon Jung Kook x Kim Tae Hyung Jeon Guk x Kim Tae Hoon Taekook Fanfiction Warning -M pregnant Started Date...15.2.2022...Tuesday Completed Date....30.5.2022...Monday