🖤 12 🖤

4.9K 488 16
                                    

[Unicode]

ဂျွန်ဂျောင်ကု ဂျွန်ဂု နဲ့ ပတ်ခ်ဂျီမင်း တို့ သုံးယောက် Dynamite  Club ရဲ့ VVIP အခန်းထဲမှာ အလုပ်ကိစ္စ စကားပြောနေကြတယ် ။ အချိန် က နေ့လည် ၁ နာရီ ။

"ဒါဆိုရင် ဒီတခေါက် ပါလာမယ့် ပစ္စည်းတွေ ကို မစ္စတာဂျွန် တို့ က ၃ ပုံ ၂ ပုံ ယူပြီး ကျနော် က ၃ ပုံ ၁ ပုံ ရမှာပေါ့ အဲ့လိုလား"

"ဟုတ်တယ် အဲ့လိုပဲ ဖြစ်သွားတယ် မစ္စတာပတ်ခ် ရေ အခု မြင်တဲ့အတိုင်းပဲ ကျနော်တို့ ဂျွန် Group က လက်ရှိမှာ ခေါင်းဆောင် ၂ ယောက် ဖြစ်နေတာမို့ အဆင်မပြေဖြစ်သွားရင် တောင်းပန်ပါတယ်"

"ရပါတယ် မစ္စတာ ဂျွန်ဂျောင်ကု ဒါက ကျနော်တို့ကြားထဲ ပြဿနာကြီး မဟုတ်ပါဘူး ပြီးတော့ မစ္စတာဂျွန်ဂု ခင်ဗျား နဲ့လည်း ရှေ့လျှောက် အလုပ်ကောင်းကောင်း တွဲလုပ်ချင်ပါတယ်"

"အဟင်း ကျနော် တို့ အလုပ်ကောင်းကောင်း တွဲလုပ်ကြတာပေါ့ မစ္စတာပတ်ခ်ဂျီမင်း ‌လိုတာရှိရင် သင်ပြပေးပါဦး"

"သင်ပြစရာမလိုအောင် ခင်ဗျား က တော်နေပြီးသားမှန်း ကျနော် သိပါတယ် မစ္စတာဂျွန်ဂု"

ပတ်ခ်ဂျီမင်း က ဂျွန်ဂု ကမ်းပေးလာတဲ့ လက် ကို ဆွဲကာ နှုတ်ဆက်ရင်း ပြန်ပြောတယ် ။ တကယ်ဆိုရင် လုံးဝ မတည့်တဲ့ အမြွှာညီအစ်ကို နဲ့ အလုပ်တူတူ တွဲလုပ်ရတာ က အရမ်းတော့ အဆင်မပြေဘူးပေါ့ ။ စကားပြော ဆင်ခြင်ရသလို တယောက်ယောက် ကို ပိုပြီး ချီးကျူးတဲ့ အဓိပ္ပါယ် မရောက်အောင် သတိထားရတယ် ။ အလုပ် လုပ်တဲ့နေရာမှာတော့ ဂျွန်ဂျောင်ကု က တိကျပြတ်သားပြီး တကယ် ထက် တာ ကို ပတ်ခ်ဂျီမင်း မျက်မြင်ကိုယ်တွေ့ပဲ ။ ဂျွန်ဂု က ဘယ်လိုလဲ ဆိုတာ ကိုတော့ အခုမှ သိခွင့် ရမှာ ဖြစ်တယ် ။ ဒါပေမဲ့ စကားလေး လှအောင်တော့ စီးပွားရေး အရ ပြောကို ပြောရတာပဲမလား ။

ဒါကို လူပါး ဂျွန်ဂု ကလည်း သိထားပြီးသားပါ ။ ဒီလောက ဟာ သူ နဲ့ မရင်းနှီးတာ မဟုတ်ဘဲ ရင်းနှီးပြီး ‌အကြောင်းသိလွန်းလို့ မဝင်ခဲ့တာမလား ။

"ဒါဆို ကျနော့် ကို အရင် သွားခွင့်ပြုပါဦး မစ္စတာ ဂျွန် တို့"

ပတ်ခ်ဂျီမင်း နှုတ်ဆက်ပြီးတာ နဲ့ လက်ရှိ VVIP အခန်းထဲ က ထွက်လာပြီး သုံးခန်းကျော် က VVIP အခန်းကို ဝင်သွားလိုက်တယ် ။ ချစ်သူ မင်ယွန်းဂီ က သူ့ သူငယ်ချင်း နဲ့ မိတ်ဆက်ပေးမယ် ဆိုလို့ တခါတည်း ဒီ Club မှာပဲ အချိန်ကိုက်ပြီး ချိန်းလိုက်တာ ။ မင်ယွန်းဂီ ရဲ့ သူငယ်ချင်း ဆိုတာ နဲ့ ဘယ်သူ ဆိုတာ သိပြီးသားပေမဲ့ ပတ်ခ်ဂျီမင်း က ချစ်သူ ကို တန်ဖိုးထား အလေးပေးတတ်တဲ့သူ မျိုးပဲ ။ မင်ယွန်းဂီ နဲ့ ပတ်ခ်ဂျီမင်း ရဲ့ ဆက်ဆံရေးဟာ နားလည်မှု တန်ဖိုးထားမှု နဲ့ အသားပေး တည်ဆောက်ထားတာ ။

🖤 FEROCIOUS TWINS 🖤 Completed Donde viven las historias. Descúbrelo ahora