🖤 18 🖤

5.1K 485 44
                                    

[Unicode]

"အဲ့တာ ကျနော် နဲ့ ဘာဆိုင်လို့လဲ ဝန်ကြီးချုပ်"

"မင်း နဲ့ အဲ့ဒီ ဂျွန်ဂျောင်ကု ဘာဆိုင်လဲ ဆိုတာ ငါမေးရမှာ ငါ့ကို ငါ့ မိတ်ဆွေတွေ ရှေ့မှာ ယောက္ခမကြီး လို့ခေါ်တယ် မင်း ဘာတွေ လျှောက်လုပ်ထားတာလဲ ကင်မ်ထယ်ယောင်း"

"ကျနော် က ဘာလုပ်ရမှာလဲ ကျနော့် ဘာသာ နေတာလေ"

"မင်းဘာသာနေတယ်ပေါ့ ဟုတ်လား ဒါဆို အဲ့ဒီ ဂျွန်မျိုးနွယ် က တက်တူးလေး ရော နေကောင်းရဲ့လား ဆိုတာက ဘာလဲ ကင်မ်ထယ်ယောင်း မင်းတို့ ဘာမှ မဟုတ်ရင် အဲ့လိုမေးမလား"

"သူ လူမှားတာလည်း ဖြစ်နိုင်တာပဲ ဝန်ကြီးချုပ် ကျနော် ခေါင်းသိပ်မကြည်လို့ ဆက်မပြောချင်တော့ဘူး"

"ဒီကောင်ကတော့ကွာ ဟင်း"

"ဝန်ကြီးချုပ် ယောင်း နေသိပ်ကောင်းတာမဟုတ်ဘူး ပြီးတော့ ဂျွန်ဂျောင်ကု နဲ့ ယောင်း က ဘာမှ မဆိုင်ဘူး သူ့ဘာသာ သူ လိုက် နှောင့်ယှက်နေတာ"

"ငါ မင်းတို့ နှစ်ကောင်လုံး တစ်ကောင် မှ မယုံဘူး တကျိတ်တည်း တဉာဏ်တည်းတွေ မင်းတို့ ကြပ်ကြပ်သတိထားနေကြ အခုရက်ပိုင်း ဘာပြဿနာမှ မဖြစ်စေနဲ့"

လက်ညှိုးတထိုးထိုး နဲ့ ပြောပြီး ဒေါသတကြီး ပြန်ထွက်သွားတဲ့ အလကား ဝန်ကြီးချုပ် ။ ကင်မ်ထယ်ယောင်း နှုတ်ခမ်းကို မဲ့ပြီး တွေးမိတယ် ။ သူ့အဖေ က သမ္မတ အဆင့်ထိတောင် ဖြစ်ချင်နေတာများလားလို့ လေ ။ ကင်မ်ထယ်ယောင်း သိတတ်စအရွယ် ကတည်းက ဒီရာထူးဂုဏ်သိမ် အတွက် ပဲ လုံးပန်းနေခဲ့တဲ့ ဝန်ကြီးချုပ် ။ ကင်မ်ထယ်ယောင်း အခု အရွယ်ရောက်လာအထိ သည်းကြီးမည်းကြီး ဖြစ်နေတုန်း ။

ဝန်ကြီးချုပ် က ကင်မ်ထယ်ယောင်း တို့ကို ပစ်မထားဘဲ နွေးနွေးထွေးထွေး နေပေးတယ် ဆိုပေမယ့် ကင်မ်ထယ်ယောင်း နဲ့ ကင်မ်ထယ်ဟွန်း ကတော့ အစစ်အမှန်လို့ မခံစားမိပါ ။ ဘာလုပ်လုပ် ဓာတ်ပုံရိုက်တင်ပြီး Social Media ပေါ် ချပြနေတဲ့ ဒီ မိသားစု ဆက်ဆံရေး ကို feel မလာပါ ။ အထူးသဖြင့် ဝန်ကြီးချုပ် ရဲ့ နေရာ ကို ထိခိုက်မလို ဖြစ်လာတဲ့ အခြေအနေမျိုးတွေ ဆို ဝန်ကြီးချုပ်ရဲ့ သရုပ်အမှန် ပိုပေါ်လာတယ် ပဲ ခံစားရတယ် ။ ဒါက ကင်မ်ထယ်ယောင်း ကပဲ တဖတ်သတ် ထင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ် ။

🖤 FEROCIOUS TWINS 🖤 Completed Donde viven las historias. Descúbrelo ahora