🖤 1 🖤

26.8K 940 23
                                    

[Unicode]

Latest Brand Marcedes တံခါးခြောက်ပေါက် ပါတဲ့ ကားကြီး က Luxurious Hotel တစ်ခု ရှေ့ကို ထိုးစိုက်လာတယ် ။ ကားထဲက ထွက်လာတာက ခေတ်ရှေ့ပြေးနေတဲ့ ဒီဇိုင်းအလန်း ဝတ်ထားတဲ့ လူငယ်တစ်ယောက် ။ ခပ်ချောချောမျက်နှာပြင်ထက်ရဲ့ ညာဘက် မျက်လုံး အောက်မှာ LOVED ဆိုတဲ့ စာလုံး ကို Tattoo ထိုးထားတာ ထင်ထင်ရှားရှား မြင်နိုင်တယ် ။ မျက်လုံးအကြည့်တွေ က သေလောက်အောင် စူးရှနေတယ် ။ ‌ယောင်ယမ်းပြီးတော့ သွားစိုက်မကြည့်မိစေနဲ့ ။ အကြည့်ချင်း ဆုံမိရင် ပြဿနာ မရှိ ပြဿနာ ရှာတော့မှာပဲ ဖြစ်တယ် ။

ပြဿနာဖြစ်ရင် အမြဲတမ်းမှန်နေတာကလည်း အဲ့ဒီ အလန်းဇယားပဲ  ။ သူကတော့ တခြားမဟုတ်ဘူး ဝန်ကြီးချုပ် ကင်မ်မင်ဟွန်း ရဲ့ သားအကြီး ကင်မ်ထယ်ယောင်း ။ သားအကြီး ဆိုတော့ သားအငယ် က လည်း ရှိဦးမှာပဲမလား ။ အမြဲတမ်း Suit အရောင်စုံ ဒီဇိုင်း အမျိုးမျိုး ကိုပဲ ဝတ်တတ်တဲ့ သားအငယ် ကင်မ်ထယ်ဟွန်း ကတော့ အမြဲလိုလို ပြုံးနေတတ်တယ် ။ သို့ပေမဲ့ လူ့စိတ်ဆိုတာ နားလည်ရခက်တယ်မလား ။ ပြုံးနေပေမဲ့လည်း ဘာမှန်း မသိနိုင်ဘူးလေ ။ အဲ့လိုမျိုးပါပဲ ကင်မ်ထယ်ဟွန်း ကလည်း အပြုံးချိုချို နဲ့ ရက်စက်တတ်တဲ့ သူ တစ်ယောက် ။ ပြီးတော့ ကင်မ်ထယ်ယောင်း နဲ့ ကင်မ်ထယ်ဟွန်း တို့ရဲ့ အသက်အရွယ်ကွာခြားမှု က ၈ မိနစ်တည်းပါ ။

အခု ကင်မ်ထယ်ယောင်း က ဒီ Hotel မှာ တည်းနေတဲ့ ညီဖြစ်သူ ကင်မ်ထယ်ဟွန်း ဆီကို လာတာ ။ ညီဖြစ်သူ ဆီလာတာကို တံခါးခြောက်ပေါက် ပါတဲ့ကား ဘာလို့ စီးလာလဲ ဆိုရင် ကင်မ်ထယ်ယောင်း စီးချင်လို့ပါ ။ ကင်မ်ထယ်ယောင်း ရဲ့ ပင်ကိုယ်ဗီဇ ကို က မလိုအပ်ဘဲ ကိန်းကြီးခမ်းကြီး နိုင်တာ ပါ ။

အမြွှာ နှစ်ယောက် ရှိတဲ့အထဲ ဘယ်တစ်ယောက် ကမှတော့ ထူးပြီး လိမ္မာ မနေပါဘူး ။ တခြားသူတွေ လို မိဘ က ဂရုမစိုက်လို့ မေတ္တာငတ်လို့ ဆိုးသွမ်းနေတာမျိုးလည်း မဟုတ်ဘူး ။ အမေ ဖြစ်သူ ရဲ့ ဂရုစိုက်မှု ကို အပြည့်အဝ ရရှိထားတယ် ။ အဖေ ဖြစ်သူ ကလည်း အချိန် မအား အားအောင် လုပ်ပြီး ငယ်ငယ် ကတည်း က  လက်ပွန်းတတီး နေလာခဲ့တာပါ ။ တခြား ရာထူးကြီး မိသားစု က သူ‌တွေ လို စိတ်ဒဏ်ရာ ရမှာ စိုးလို့ မေတ္တာ အပြည့်အဝ ပေးပေမဲ့ လည်း ကင်မ်အမြွှာ နှစ်ယောက် က တော့ တခြားသူတွေ ထက်တောင် ဆိုးသွမ်း ရက်စက်နေသေးတယ် ။

🖤 FEROCIOUS TWINS 🖤 Completed Tempat cerita menjadi hidup. Temukan sekarang