Part 2

654 119 9
                                    

#unicode

Roseanne's POV

ကျွန်မ ကားထဲကို ရောက်တဲ့အခါမှာတော့ မှတ်ဉာဏ်တစ်ချို့ပြန်ရလာသလိုဘဲ

Jack နဲ့ အမေကတော့ ကျွန်မ အစောပိုင်းက သူတို့ကိုမမှတ်မိတဲ့အတွက်ကြောင့် ကျွန်မကို ဘာမှမပြောဘဲ ကားထဲတိတ်ဆိတ်နေတယ်

"Annapolis ဆေးရုံကို သွားတာကောင်းမယ်ထင်တယ် ဒီနေရာနဲ့လည်း နီးတယ်လေ "

"Georgetown က ဆေးရုံက ပိုကောင်းတယ် ယောကကြီး...."

Jackနဲ့အမေမှာ ကျွန်မအတွက် ဆေးရုံရွေးရင်း ငြင်းခုန်နေတယ်

အမေတို့ပြောပုံအရတော့ ကျွန်မက လဲကျသွားတာတဲ့ ဒါကြောင့်မို့လို့ ခေါင်းကိုက်နေတာထင်ပါရဲ့

ဒါပေမယ့် ကျွန်မမြင်ခဲ့လိုက်တာက တကယ်ဖြစ်နေသလိုဘဲ Lisa ကြည့်ရတာ တကယ်ဖြစ်နေသလိုဘဲ.....

ကျွန်မ အိမ်မက်မက်နေတာလား တကယ်မရှိတာကို ရှိတယ်ဆိုပြီး ထင်ယောင်ထင်မှား ဖြစ်နေတာလား အရိပ်တစ်ခုလို ဇဝေဇဝါဖြစ်နေတာလား

အဲ့လိုမဟုတ်လောက်ပါဘူး.... ကျွန်မနဲ့ Lisaရဲ့ ပထမဆုံး ချိန်းတွေ့ခဲ့တဲ့အချိန်ကို သတိရလာပြီ

Lisaရဲ့ ကျွန်မကို အချစ်တွေပြည့်လျှံနေတဲ့ အကြည့်နဲ့ ကြည့်တတ်တဲ့ မျက်ဝန်းလေးတွေ

Lisaရဲ့ ရယ်မောနေပုံလေးတွေ ရယ်သံလေးတွေနဲ့အတူ ကျွန်မကို Lisa အနမ်းပေးခဲ့တာတွေ....

ကျွီ......

ကားဘရိတ်အုပ်လိုက်တာကြောင့် ကျွန်မ ကားမှန်နဲ့နဖူးတိုက်မိသွားတယ်

အယ်..  Jackနဲ့ အမေက အခုထိ ငြင်းခုန်လို့မပြီးသေးပါလား

ကျွန်မကို စိတ်ပူနေတဲ့ Jack. ..

ခြောက်နှစ်လုံး ကျွန်မဘေးနား ချစ်ပေး ရှိပေးခဲ့တဲ့ Jack

Jackရှိရက်နဲ့ ကျွန်မက ဘာလို့ တစ်ခါမှမမြင်ဖူးတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း တွေးနေမိပါလိမ့်

တစ်ကယ်မတည်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ဘာလို့ လိုချင်နေမိတာလည်း

ပင်ပန်းနေလို့ ထင်ပါရဲ့ ဆေးရုံသွားတဲ့ တစ်လျှောက်လုံး ကျွန်မ အိပ်ပျော်သွားမိတယ်

အိမ်မက်ထဲက  သူWhere stories live. Discover now