Part 11

385 69 4
                                    

#unicode

Roseanne's POV

ကျွန်မ အိပ်ရာက နိုးလာတော့ ဆေးရုံကို ရောက်နေတာ သိလိုက်ရတယ်.... ပြီးတော့ Lisaကလည်း ကျွန်မ ကုတင်ဘေးမှာ ထိုင်နေတာ....  ကျွန်မရဲ့လက်ကို ကိုင်ပြီးတော့ပေါ့

ဟုတ်တယ် Lisaက အမြဲ ကျွန်မရဲ့ လက်ကို ကိုင်ထားရမယ့်သူ ဖြစ်ရမှာ

"Hi..."

"hey သတိရလာပြီလား ဘယ်လိုခံစားရသေးလည်း "

"နည်းနည်း မူးတာကလွဲလို့ သက်သာပါတယ်....ဘယ်လိုဖြစ်တာလည်း ဘာဖြစ်ခဲ့တာလည်း "

"နင် အဆင်ပြေလား ဖုန်းဆက်မေးရင်း
ငါတို့ ဖုန်းပြောရင်း နင် ရုံးခန်းမှာ မေ့လဲသွားတာလေ"

သတိလစ်သွားတဲ့အချိန် မက်ခဲ့တဲ့ အိမ်မက်ကို ကျွန်မ သိပ်မမှတ်မိပေမယ့် ကျွန်မကို ပြန်လာဖို့ တောင်းပန်နေတဲ့ Lisaရဲ့ အသံကိုတော့ မှတ်မိနေသည်

"ဒါဆို နင်က ငါ့ကို ...အဲ့ကနေ ခေါ်လာတာလား "

"အင်း ဆေးရုံကတော့ နင့်သတိုးသားလောင်းကို ဖုန်းဆက်ထားတယ် သူဖုန်းမကိုင်ဘူးတဲ့ အဲ့တာ နင်ခေါ်စေချင်တဲ့ တစ်ခြားတစ်ယောက်ယောက်ရှိလား "

"ဟင့်အင်း အမေကလည်း ဒီကိုလာရဖို့ သုံးလေးနာရီမောင်းရလိမ့်မယ် တော်ပါပြီ "

"ငါတို့ထပ်ပြီး ဓာတ်မှန်ရိုက်ရအုံးမယ် Roesanne "

Lisa ရဲ့ စကားက ကျွန်မအတွက် သတင်းဆိုးတစ်ခုလိုပါဘဲ

"ဟင်...."

"tumorက ကြီးလာတယ်"

"ဟင် ဘယ်လိုဖြစ်တာလည်း "

"တကယ်ဆို ကြီးမလာရမယ့်ကိစ္စကို ....ပြီးတော့ အခုလောက်ထိ လျှင်လျှင်မြန်မြန်ကြီးလာမယ်လို့ တစ်ခါမှ မကြုံခဲ့ဖူးတာ "

Lisa ရဲ့ စကားကြောင့် ကျွန်မ ငိုချင်စိတ်ကို ထိန်းထားရသည်

"အဲ့တော့ ငါ ဘယ်လောက်ထိနေရမှာလည်း "

Lisa နဲ့အကြည့်ချင်းမဆုံဘဲ မေးတော့ Lisaက ငါ့မေးစေ့ကို ဆွဲကိုင်တယ်

"အဲ့တာ မသေနိုင်ပါဘူး Tumorဆိုတာ အကြိတ်လိုဘဲ ငါ နင့်ကို အကြိတ်နဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ အရမ်းတော်တဲ့ ဆရာဝန်ညွှန်းပေးမယ် "

အိမ်မက်ထဲက  သူWhere stories live. Discover now