#unicode
Roseanne's POV
Lisaနဲ့ ကျွန်မမှာ ရုတ်တရက်ပျောက်သွားတဲ့ Lilyကြောင့် ရှောခ့်ရနေသည်
"Damm it ခဏလေးတောင်နေမသွားဘူး "
စားပွဲခုံကိုထုပြီး Lisa ပြောလိုက်တယ်
"မနက်ဖြန် ကျန်ပါသေးတယ် "
ကျွန်မ ပြောပြီး နာရီကို ကြည့်လိုက်သည်
"ည ကိုးနာရီတောင်ထိုးတော့မယ် နင်ပြန်လို့ရတယ် Lisa ငါတော့ ဒီအနီးအနားက ဟိုတယ်လိုက်ရှာလိုက်အုံးမယ် "
"ဒါဆို ငါလည်း အိမ်မပြန်တော့ဘူး နင်နဲ့အတူတူနေမယ်လေ Roseanne "
Lisaရဲ့ စကားကြောင့် ကျွန်မ နှလုံးတစ်ခုလုံးပြုတ်ကျသွားသလို ခံစားရသည်
ဒီကနေ ပြန်ဖို့ Lisa တစ်ယောက်တည်းလွှတ်ဖို့ကျလည်း ညနက်နေပြီ... အတူတူနေဖို့ကျလည်း.... ဘယ်လိုလုပ်ရင် အဆင်ပြေမလည်းတွေးရင်း Lisaကို ကျွန်မနဲ့ အတူနေဖို့ သဘောတူလိုက်သည်
Lisaလည်း ကားပေါ်ရောက်တော့ ကျွန်မတို့ တည်းဖို့အတွက် သင့်တော်မယ့် ဟိုတယ်ကို ဖုန်းထဲကနေ ရှာနေသည်
ဟိုတယ်ကိုရောက်သောအခါ ဝန်ထမ်းက အခန်းသုံးခန်းကျန်ပြီး နှစ်ခန်းက မရှင်းရသေးဘူး ပြောလို့ ကျွန်မတို့လည်း ဟိုတယ်ထပ်မရှာချင်တာနဲ့ နှစ်ယောက်တစ်ခန်းယူဖို့ ဆုံးဖြတ်လိုက်သည်
"အဆင်ပြေတယ်မလား ငါကြမ်းပြင်မှာ အိပ်လိုက်မယ် "
"ဟင့်အင်း ငါအိပ်လိုက်ပါမယ် Lisa "
"မရဘူး ငါတို့ရဲ့ ဟန်းနီးမွန်းလို့ သဘောထားပြီး နင်က ကုတင်ပေါ်အိပ် "
Lisaပြောပြီး သူ့ ဘဏ်ကဒ်ကိုထုတ်ကာ ပိုက်ဆံရှင်းဖို့ ဝန်ထမ်းကို ပေးလိုက်သည်
"သယ်ပေးဖို့ အိတ်တွေပါသေးလားဗျာ့ "
"မပါဘူး ကျွန်မတို့ အလုပ်ကိစ္စကြောင့် တစ်ရက်ဘဲနေမှာ "
"ဟုတ်ကဲ့ဗျာ့ enjoy your stayပါ "
အခန်းကတ်ယူလိုက်တဲ့ Lisaနဲ့အတူ အခန်းကို သွားဖို့ ဓာတ်လှေကားထဲ ကျွန်မဝင်လိုက်သည်
"ဟိုတယ် check in ဝင်တာ တော်တော်ကျွမ်းတယ်နော် ခဏခဏလာဖူးတယ်ထင်တယ် Lisa shii "
![](https://img.wattpad.com/cover/305893177-288-k368020.jpg)