#unicode
Lisa's POV
"ကျွန်မက ဒေါက်တာ Lisa Manobanပါ ဒီကတစ်ယောက်က လူနာနဲ့ ဘယ်လိုတော်စပ်လည်းမသိဘူး "
"Jack Singer.... Roseanneရဲ့ သတို့သားလောင်းပါ "
Jackဆီက မမျှော်လင့်ထားတဲ့ အဖြေကြောင့် ငါ မျက်မှောင်ကြုတ်မိသွားတယ်
မဟုတ်ဘူး Lisa အလုပ်ကို စိတ်နှစ်ထားစမ်း
"Aww ဟုတ်ပြီ ဟုတ်ပြီ အရင်တစ်ပတ်က သူဖြစ်သွားတဲ့ကိစ္စလည်း ကျွန်မ သိလိုက်ရတယ် သူ ဆေးတွေအရက်တွေများ သုံးလားရှင် "
"မသုံးဘူးဗျာ့ တစ်ခါတစ်လေတော့ သူ အရက်သောက်တတ်တယ် "
"ဒါဆို လူနာကို စမ်းသပ်ဖို့အတွက် သူ့ကို ကုတင်ပေါ်တင်ပေးပါ "
Jackလည်း Roseanneကို ပွေ့ချီပြီး Lisa ရုံးခန်းထဲက ကုတင်ပေါ်သို့တင်လိုက်သည်
ငါလည်း Roaeanneရှိရာ ကုတင်ဘက်ကို သွားလိုက်တယ်
ကုတင်ပေါ် အိပ်နေတဲ့ Roseanneဟာ လှပတဲ့ လက်ဆောင်တစ်ခုလိုဘဲ......
"Hey. ..နင် ရေကူးတာရော ဘယ်လိုလည်း "
အိပ်တစ်ဝက်နိုးတစ်ဝက် အိပ်ချက်မူးတူးနဲ့ ပြောလိုက်တဲ့ Roseanne ဆိုတဲ့ ကောင်မလေးရဲ့ စကားကြောင့် ငါလန့်သွားတယ်
"ဟင် နင် ဘယ်လိုသိတာလည်း.... "
"နင်က ရေတစ်ရက်မကူးရရင် ဒေါသထွက်တတ်တယ်လေ ခစ်ခစ် "
Roseanneရဲ့ ရယ်သံက ကျွန်မရဲ့ နားထဲ သာယာတဲ့တေးဂီတအသံလိုဘဲဲ
နေပါအုံး ခဏနေပါအုံး ကျွန်မရဲ့အကြောင်းကို သိတဲ့သူက လက်ဆယ်ချောင်းတောင် မပြည့်ဘူး အဲ့တာကို သူက ကျွန်မရဲ့အကြောင်းကို ဘယ်လိုသိတာလည်း
"ငါတို့ တွေ့ဖူးလား Roseanne. .."
ငါ့ဘက်ကမေးပေမယ့် Roseanne ဘက် ပြန်မဖြေဘူး
"ငါတို့ ဘယ်လိုတွေ့ခဲ့တာလည်း "
"ဆေးရုံမှာပေါ့ Londonကလေ "
"Aww. .."
Roseanne ပြောတာလည်း အဓိပ္ပါယ်ရှိချင်သလိုပါဘဲ...ကြည့်ပါအုံး ဘယ်လောက်တောင် စိတ်ဖိစီးနေလို့ လူနာကို အိမ်မက်ထဲကလူနဲ့ ထင်ယောင်ထင်မှား ဖြစ်မိနေပါ့လိမ့် ...