Final

710 71 6
                                    


Roaeanne's Pov

"Welcome Baby Roseanne...ထိုင်လေ  "

Eleanor က ကျွန်မကို ကြိုဆိုပေမယ့် ကျွန်မက ထိုင်ရမှာကို ​ကြောက်နေမိတယ်...Eleanorက ကျွန်မကို တစ်ခုခုလုပ်မှာ စိတ်ပူနေမိတယ်

"Hey Sweetie အမေက သမီးကို အန္တရာယ် ပေးမှာ မဟုတ်ပါဘူးဟယ် "

Eleanor ရဲ့ စကားကြောင့် ကျွန်မ အရမ်းအံ့သြသွားတယ်

ဘုရားရေ Eleanorက သူ့ကိုယ်သူ အမေလို့ သုံးနှုန်းတယ် ဟုတ်လား ကျွန်မဘဲ နားကြားမှားတာလား

"သမီး နားကြား မမှားပါဘူး ကလေးရဲ့ ...အမေ​ပြောတာ အမှန်ပါ "

"ရှင် ဘာတွေပြောနေတာလည်း "

"အရင်ဆုံး ထိုင်လိုက်ပါ အမေ သမီးကို  ဘာမှမလုပ်ပါဘူး "

ကျွန်မလည်း သံသယစိတ်တွေနဲ့အတူ Eleanorနဲ့ မလှမ်းမကမ်းမှာ ထိုင်လိုက်တယ်

"Roseanne သေချာနားထောင်နော် မင်းရဲ့ အမေအရင်းက တို့ပါ ....."

"ရှင် ဘာတွေပြောနေတာလည်း ကျွန်မ နားမလည်ဘူး ဘာလုပ်ဖို့ ကြံစည်နေတာလည်း "

"ဘာမှမကြံစည်ပါဘူး အမေပြောတာ အမှန်ပါ "

"ရှင့်လုပ်ဇာတ်တွေကို ကျွန်မက ဘာလို့ ယုံရမှာလည်း ရူးနေတဲ့သူမို့လို့လား "

ကျွန်မရဲ့ စကားကြောင့် Eleanorက ရယ်တယ်

"လုပ်ဇာတ် ဟုတ်မဟုတ် တွေးကြည့်လေ သမီးရယ်.... သမီးရဲ့အဖေရော အမေရောက Time traveller မဟုတ်ဘဲ သမီးက ဘာလို့ အချိန်ခရီးသွားနိုင်နေရတာလည်း ဒါမျိုးက အဖေ ဒါမှမဟုတ် အမေက Time traveller ဖြစ်နေမှ ကလေးဆီ ဗီဇပါလာမှာလေ... "

Eleanorရဲ့ စကားကြောင့် ကျွန်မ တွေးမိသွားတယ်

ဟုတ်သား အဖေရော အမေရောက အချိန်ခရီးသွားနိုင်တဲ့ လူထူးဆန်းတွေ မဟုတ်ဘူးလေ ကျွန်မကသာ....

ဒါဆို Eleanor ပြောသလို မိဘနှစ်ပါးထဲက တစ်ယောက်ယောက်ရဲ့ ဗီဇပါမှ ကျွန်မ အချိန်ခရီးသွားနိုင်မှာလေ  ....

ဒါပေမယ့် Eleanorက ကျွန်မရဲ့အဒေါ်လေ... အဒေါ်ဆိုတော့လည်း ဗီဇပါနိုင်တယ်မဟုတ်လား

"တွေဝေနေမယ့်အစား သမီးရဲ့ဟိုကအမေကို ဖုန်းဆက်မေးကြည့်လိုက်ပါလား ဒါဆို အ​ဖြေကို ရှင်းရှင်းလင်းလင်း သိရမယ်ထင်တယ် "

အိမ်မက်ထဲက  သူWhere stories live. Discover now