Part 27

375 63 5
                                    

#Unicode

Lisa's Pov

"Lisa နင် ဘယ်မှာလည်း..."

Rosie သက်ပြင်းချပြီး မေးလိုက်သည်

"Florida ရောက်နေတာ  အချစ် Sorryပါကွာ....Airportကို သွားတုန်းက မင်းဆီ ကိုယ်ဖုန်းဆက်​သေးတယ် ခေါ်မရလို့ voicemailဘဲချန်ခဲ့တာ..."

"နင့် voicemailကို ငါ နားထောင်ပြီးပြီ Lisa ဒါပေမယ့် ငါနားမလည်ဘူး Lisa ဘာဖြစ်တာလည်း နင့်အဘွားကလည်း time travlerလား "

"ဖြစ်နိုင်တယ် ကိုယ် အမေ့ဆီ ဖုန်းဆက်ပြီးနောက် ကိစ္စတစ်ချို့ကို သေချာပြန်စဥ်းစားတော့ အ​ဘွားသေသွားတာဘဲ သိတယ် ဘယ်လိုသေသွားလည်းဆိုတာ အဖေနဲ့အမေကို မေးရင် အဖြေက ဘယ်တော့မှ မတူညီဘူး တစ်ခါတစ်လေ အိမ်ကထွက်သွားတယ်လို့လည်း ကြားဖူးသေးတယ် Rosie စဥ်းစားကြည့် မင်းအဒေါ်လည်း ပျောက်ကွယ်ခဲ့တယ် မဟုတ်လား..Dr.Hanရဲ့ ဇနီးရောလေ.....ပျောက်သွားတာနဲ့ သေသွားတယ်လို့ ပြောလို့မှ မရတာ ကိုယ် အဘိုးကို မေးကြည့်အုံးမယ် သူတစ်ခုခုသိရင်သိနေမှာ ဒါမှမဟုတ် ကူညီနိုင်မယ့် လူတစ်ယောက်ယောက်ဖြစ်ဖြစ် "

ငါ့ စကားကြောင့် Roseanne သက်ပြင်းချလိုက်သည်

"ကောင်းပြီလေ....ဟူး...ငါက ဒီအတိုင်း.....မိုက်မဲတယ်ဆိုပေမယ့် နည်းနည်းတော့ စိတ်ပျက်သွားတယ် ဒီည နင်နဲ့အတူရှိချင်တာကို "

"ကိုယ်ရောပါဘဲ မင်းကို အရမ်းတွေ့ချင်နေတာ ဒါပေမယ့် Rosie...ကိုယ်တို့မှာ အချိန်သိပ်မကျန်တော့ဘူး.... အကူအညီရနိုင်သမျှ အပိုင်းအစလေးတွေကအစ လိုက်ရှာနေမှဖြစ်မယ် "

အဘိုးရဲ့အိမ်ကို ရောက်သွားတဲ့အခါမှာတော့ အဘိုးရဲ့နောက်ထပ်ယူထားတဲ့ မိန်းမဖြစ်သူ Sueက ငါ့ကိုကြိုဆိုနေတယ်

"Lisa ....သမီးရယ် ဘာလို့ အခုမှလာတာလည်း အဘွားတို့ဖြင့် မျှော်လိုက်ရတာ "

Sueက ​ဝမ်းပန်းတသာကြိုဆိုတော့ ငါ့မှာ အဘိုးရဲ့ပထမဇနီးအကြောင်း မေးဖို့ လာခဲ့တာကို အားနာမိသွားတယ်

"အဘွားတို့ အိမ်ကြီးက ခြောက်ကပ်နေတာ​ဘဲ Lisa....ကလေးတွေ ဆော့နေတာ မြင်ရဖို့ ဘယ်လောက်ထိ စောင့်ရအုံးမှာလည်း "

အိမ်မက်ထဲက  သူWhere stories live. Discover now