#unicode
Roseanne's POV
ကျွန်မတို့ ဖောင်းဒိုင်းလုပ်လို့ အရှိန်ကောင်းနေတုန်း တံခါးခေါက်သံကြားလိုက်ရတယ်
Lisaနဲ့ ကျွန်မလည်း အမြန်ကိစ္စရှင်းပြီး အဝတ်အစားတွေ ပြန်ဝတ်လိုက်ကြတယ်
ပြီးတော့ Lisaက တံခါးသွားဖွင့်ပေးတော့ သူမရဲ့ ရည်းစားဟောင်း Annaဖြစ်နေတယ်
"Hey Anna ဘာကိစ္စလည်း "
'ဆေးရုံအုပ်ကြီးက နင့်ကို ဒါပေးခိုင်းလို့လာပေးတာ "
Lisaလည်း Annaပေးတဲ့စာရွက်ကို ဆွဲယူလိုက်သည်
Lisaက စာရွက်ပေါ်က စာကိုဖတ်နေစဥ် Annaကတော့ ကျွန်မကိုဘဲ စိုက်ကြည့်နေတယ်
"သူက Roseanneလေ..."
"အင်း သိတယ်... "
Annaက ပြောပြီး ထွက်သွားတော့ ကျွန်မစိတ်ထဲ ကိစ္စတစ်ခုကဝင်ရောက်လာတယ်
ကျွန်မ သေသွားတဲ့အခါ Lisaက Annaနဲ့ ပြန်တွဲမှာလားလို့....Annaကို ကြည့်ရတာ Lisaကို မပြတ်နိုင်တဲ့ပုံဘဲ
"Lisa သူ့ကိုပြောပြထားလား "
"ဘာကိုပြောပြရမှာလည်း "
"ငါ သေမယ့်အကြောင်းလေ "
"သူက မင်း Tumor ဖြစ်နေတာကို သိတယ်လေ "
"အဲ့ဒီတော့ သူက နင့်ကို စောင့်နေတာပေါ့လေ သေတော့မယ့်မိန်းကလေးနဲ့ အချိန်ဖြုန်းနေတာကို သီးခံရင်းပေါ့ "
"Roseanne ရုတ်တရက်ကြီး ဘာဖြစ်တာလည်း "
Lisaမှာ အံ့သြတကြီးနဲ့ ကျွန်မကို ကြည့်နေတယ်
"ငါ နင့်ကို အပြစ်မတင်ပါဘူး ငါသေသွားတဲ့အခါကျလည်း နင်ငါ့ထက်ကောင်းတဲ့သူနဲ့ တွေ့သင့်ပါတယ် Lisa...ဒါပေမယ့် "
"Hey.....Annaကို တွေ့လိုက်ရလို့ စိတ်ဖောက်သွားတာလား... အချစ်ကလေးကတော့ ....ကိုယ်က မင်းနဲ့ပတ်သက်ရင် အရမ်းရူးသွပ်တာသိလား....အလုပ်လုပ်နေရင်းတောင် မင်းကိုစိတ်ပူမိနေတာမျိုး....အခုနောက်ပိုင်း ကိုယ်ဘာတွေးမိလည်း သိလား Roseanne...ဒီဆရာဝန် ဂုဏ်တွေ အလုပ်တွေက မင်းနဲ့ယှဥ်ရင် ကိုယ့်အတွက် အရေးမပါတဲ့ဘာမှမဟုတ်သလိုမျိုး...."